DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၄၈၄ ဦးထိ ရှိလာ
DVB
·
January 20, 2022
စစ်ကောင်စီတပ် ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၄၈၄ ဦးထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲကျော်အကြာ စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၈၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၆၃၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၆၈၇ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆၂၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၁ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၈၀ ရှိပြီဖြစ်ပါ တယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အခြေစိုက် Dawei Watch သတင်းဌာနက သတင်း ထောက်တွေ ဖြစ်ကြတဲ့ မမိုးမြင့်နဲ့ ကိုဇော်၊ အဆိုပါသတင်းဌာနရဲ့အဖွဲ့ဝင် ကိုသားကြီးတို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ မမိုးမြင့်ကို ဇန်နဝါရီ ၁၈ ရက်ည ၁၁ နာရီအချိန်က နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုဇော်နဲ့ ကိုသားကြီးတို့ကိုတော့ နောက်တနေ့မနက် ၂ နာရီလောက်က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်ညပိုင်းက ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကို စစ်သားတွေက နေအိမ်မှာ လာရောက်ရှာဖွေချိန် မတွေ့တဲ့အတွက် ဖခင်ဖြစ်သူ ဦးခင်ဝင်းကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013