DVB Logo
Home
မြန်မာသတင်း
Dawei Watch သတင်းထောက် ၂ ဦးအပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
January 19, 2022
Dawei Watch သတင်းထောက် ၂ ဦးအပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီး
1 / 4
Donate to DVB

တနင်္သာရီတိုင်းအခြေစိုက်၊ Dawei Watch သတင်းဌာနက သတင်းထောက် ကိုဇော်၊ မမိုးမြင့်နဲ့ ဒီဇိုင်နာကိုသားကြီးတို့ ၃ ဦးကို စစ်တပ်က နေအိမ်အသီးသီးမှာ ဇန်နဝါရီ ၁၉ ရက် ဒီနေ့မနက် အစောပိုင်း  ၁ နာရီနဲ့ ၂ နာရီလောက်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။  

မနေ့ညသန်းခေါင်လောက်က ထားဝယ်မြို့ တလိုင်းထိန် ရပ်ကွက်မှာနေထိုင်နေတဲ့ သတင်းထောက် မမိုးမြင့်ကို စစ်ကား ၂ စီးနဲ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ဒီဇိုင်နာ ကိုသားကြီးကို ဆက်လက်ဖမ်းဆီးခဲ့ကာ မနက် ၂ နာရီဝန်းကျင်မှာတော့  ဝဲကျွန်း ဝန်ထမ်းအိမ်ရာမှာ နေထိုင်နေတဲ့ ကိုဇော်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီလို Dawei Watch သတင်းထောက်တွေကို ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ ဖမ်းဝရမ်း ပါ၊ မပါ မသိရသလို ဖမ်းဆီးတဲ့အခါမှာလည်း လက်ပြန်ကြိုးတွေတုပ်ပြီး ကိုဇော်ကိုတော့ ခေါင်းစွပ် စွပ်ကာ ခေါ်ဆောင်သွားတာလို့ Dawei Watch သတင်းဌာနက တာဝန်ရှိသူက ပြောပါတယ်။ 

ဒေသခံတွေအဆိုအရ  စစ်ကောင်စီတပ်က သတင်းထောက်တွေကို မဖမ်းဆီးခင် ထားဝယ်မြို့က Dawei Watch သတင်းဌာနရုံးကို ဝင်ရောက်စီးနင်းပြီး ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။  

ဖမ်းဆီးခံလိုက်ရတဲ့ Dawei Watch သတင်းဌာနရဲ့ သတင်းထောက်တွေနဲ့ ရုံးဝန်ထမ်းကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးတာလဲနဲ့ ဘယ်နေရာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

Dawei Watch သတင်းဌာန တာဝန်ရှိသူက “ သတင်းထောက်ဖြစ်တာကြောင့် ပြည်သူတွေ သိပိုင်ခွင့်ရှိတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သတင်းရေးသားတဲ့အလုပ်ကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ ပြောချင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။

Dawei Watch သတင်းဌာနဟာ ၂၀၁၂ ခုနှစ်တည်းက စတင်ကာ ဒေသတွင်းသတင်းတွေနဲ့ တခြားဒေသအသီးသီးက သတင်းတွေကို ရေးသားထုတ်ဝေနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်နဲ့ Mizzima သတင်းဌာန အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်၊ Eleven Media သတင်းထောက် ကိုဇော်မိုးဦး၊ ထားဝယ်အခြေစိုက် Dakkina သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းတို့ ဖမ်းဆီးခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ Dawei Watch သတင်းဌာနက သတင်းထောက်တွေကတော့ ပထမဦးဆုံး ဖမ်းဆီးခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013