DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်အင်အား ၁၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေသဖြင့် မြိုင်ပြည်သူ ၆ သောင်းကျော် တိမ်းရှောင်နေရ
DVB
·
January 19, 2022
စစ်ကောင်စီတပ်အင်အား ၁၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေသဖြင့် မြိုင်ပြည်သူ ၆ သောင်းကျော် တိမ်းရှောင်နေရ
1 / 4
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတာကြောင့် မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံလူဦးရေရဲ့ ၄ ပုံ ၁ ပုံဖြစ်တဲ့ လူဦးရေ ၆ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုင်မြို့နယ်အတွင်းကို ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီအင်အား ၁၀၀၀ ကျော်ဟာ စစ်မျက်နှာ ၂၄ ကြောင်းနဲ့ ကျေးရွာတွေအတွင်းကို ထိုးစစ်ဆင်နေတာလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာတွေအတွင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ဒေသခံ ပြည်သူတွေကို ဖမ်းဆီးပြီးတော့ မီးရှို့သတ်ဖြတ်တာ၊ ကားဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတာ၊ နေအိမ်တိုင်လုံးတွေကို ဓားနဲ့ခုတ် ဖျက်ဆီးတာတွေ၊ ရေနံကျင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ အပြစ်မဲ့ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးတွေနဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကို ခိုးဝှက်လုယူတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့အလိုရှိနေတဲ့ သူတွေရဲ့ အမည်စာရင်း၊ ဓာတ်ပုံတွေနဲ့ ရပ်ကွက်ကျေးရွာတွေအတွင်းမှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ သိရပါတယ်။

မြိုင်မြို့နယ်ဟာ ကျေးရွာအုပ်စုပေါင်း ၈၀ ကျော်၊ ကျေးရွာစုစုပေါင်း ၃၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၁၀၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

မြိုင်မြို့နယ်မှာ ရပ်ကွက်စုစုပေါင်း ၃စု၊ ကျေးရွာအုပ်စု စုစုပေါင်း ၈၁ စုနဲ့ လူဦးရေ ၂၂၅၀၀၀ ကျော်ရှိတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013