DVB Logo
Home
မြန်မာသတင်း
ရခိုင်က စစ်ရှောင်စခန်းတခုတွင် စားနပ်ရိက္ခာနှင့်သောက်သုံးရေလိုအပ်နေ
DVB
·
January 18, 2022
ရခိုင်က စစ်ရှောင်စခန်းတခုတွင် စားနပ်ရိက္ခာနှင့်သောက်သုံးရေလိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန်စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းဟာ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေး ပုဏ္ဏားကျွန်းမြို့အဝင်ဝမှာ တည်ရှိပြီး စားနပ်ရိက္ခာတွေနဲ့ သောက်သုံးရေလိုအပ်နေတာလို့ ဆိုကြပါတယ်။

“မီးဖိုချောင်ကိစ္စပေါ့နော်၊ ပြောရမယ်ဆိုရင် ကျနော်တို့မှာ ငရုတ်ရယ်၊ ကြက်သွန်ရယ်ဆိုရင် ဖူလှုံမှုတော့မရှိပါ။ နောက်ပြီးတော့ ရေနဲ့ပတ်သက်လာရင် ရှေ့လလောက်ဆိုရင် တအားကို ခက်ခဲလာမှာ” လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုသန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းဟာ ပွင့်လင်းရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှုတွေကို နှစ်စဥ်ကြုံ တွေ့ရလေ့ရှိသလို နာရီဝက်ခန့် လမ်းလျှောက်သွားရတဲ့ တောင်ခြေက မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြရတယ်လို့လည်း စစ်ရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တဦးဖြစ်တဲ့ မသန်းသန်းဌေးက “အရေးကြီးတာက အများကြီးပါပဲ။ ရေလည်း မရှိတော့ဘူး။ ပိုက်ဆံတွေကလည်း သုံးလို့ လိုက်မမီဘူး။ ကြက်သွန်တွေ၊ ဆီတွေက အရင်တုန်းကပဲ ရတယ်။ အခု ဘာတစ်ခုမှ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ပိန္နဲတောကျေးရွာနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာက စစ်ဘေးရှောင်လာသူတွေ ဖြစ်ပါတယ်။

“ဆန်တော့ အစိုးရဘက်က လစဥ်ထောက်ပံ့ပေးပါတယ်။ နောက်ပြီး WFP အဖွဲ့က လူတစ်ဦးကို ၁၇၀ ကျပ်စီ ထောက်ပံ့ပါတယ်။ ကျနော်တို့မှာက အဲဒီလောက်နဲ့ လုံလောက်မှုမရှိပါဘူး” လို့ ကိုသန်းဌေးက ရှင်းပြပါတယ်။ 

ဒီစခန်းမှာ အိမ်ထောင်စု ၁၈၆ စု၊ လူဦးရေ ၆၈၅ ဦးရှိပြီး အများစုမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား ကျောက်တော်မြို့နယ်အတွင်း မနေ့က စတင်ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013