
အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်ဗိုလ်မှူးကြီး အလီရီဇာ တန်စီရီဟာ ဒဏ်ရာအပြင်းအထန် ရပြီး သေဆုံးသွားပြီလို့ အီရန်အစိုးရက မတ် ၃၀ ရက်မှာ အတည်ပြုခဲ့တဲ့အကြောင်း အီရန် အစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။
မတ် ၂၆ ရက်က တိကျပြီး အသက်ဆုံးရှုံးစေတဲ့ စစ်ဆင်ရေးအတွင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ရေတပ် တပ်မှူး ဗိုလ်မှူးကြီးတန်စီရီနဲ့ ရေတပ် အကြီးတန်းကွပ်ကဲမှု အရာရှိတွေကို ဖယ်ရှားခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ခက်ဇ်ကလည်း ပြောပါတယ်။
၂၀၁၈ ခုနှစ်ကစပြီး အတွေ့အကြုံရှိ တပ်မှူးတယောက်ဖြစ်တဲ့ တန်စီရီဟာ အီရန်ရဲ့ ဟော်မုဇ် ရေလက်ကြား ပိတ်သိမ်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
Source: Reuters











