DVB Logo
Home
မြန်မာသတင်း
တမူးတွင် ရဲတပ်ဖွဲ့စီးလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒုရဲအုပ်အပါအဝင် ၄ ဦး သေဆုံး
DVB
·
January 18, 2022
တမူးတွင် ရဲတပ်ဖွဲ့စီးလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒုရဲအုပ်အပါအဝင် ၄ ဦး သေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကားတစ်စီး ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဒုရဲအုပ်အဆင့်  ၁ ဦးအပါအဝင် ရဲ ၄ ဦး သေဆုံးခဲ့ပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ တမူး PDF က သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့ကနေ တမူးမြို့ကို အရပ်သားကားနဲ့ ထွက်ခွာလာကြတာဖြစ်ပြီး တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနဲ့ ဝိတုပ်ကျေးရွာကြားအရောက်မှာ တမူး PDF တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ကားပေါ်ပါလာတဲ့ ခြောက်လုံးပြူးသေနတ် ၁ လက်အပါအဝင် သေနတ် ၃ လက်နဲ့ ကျည်၊ ကင်မရာ၊ ကျည်ကာအကျီနဲ့ ရဲတပ်ဖွဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တမူးခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေ၊ ၁၂ ဘီးကားတွေကို အသုံးပြုလှုပ်ရှားနေတယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက်နေ့မှာ သတိပေးထားပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ စစ်ကောင်စီကားတွေနဲ့ မှားယွင်းပစ်ခတ်မှု မဖြစ်စေဖို့ မိမိတို့ကားရဲ့ မှန်တွေကို ချပြီးမောင်းနှင်ဖို့နဲ့ စစ်ကောင်စီထုတ်ထုတ်ကုန်တွေကို အရောင်းအဝယ်မပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ထုတ်ကုန်တွေဖြစ်တဲ့ Myanmar beer, Dagon beer, Mandalay beer,  Andaman Gold beer, Red Ruby ဆေးလိပ်နဲ့ Premium Gold ဆေးလိပ်တွေကို သယ်ယူပို့ဆောင်ရောင်းဝယ်ဖောက်ကားတာ တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။ 

တမူး PDFတပ်ဖွဲ့ဟာ တပ်ရင်း ၃ ခုရှိခဲ့ရာက နောက်ထပ် တပ်ရင်း ၁ ခုတိုးပြီး တပ်ရင်း ၄ ခုနဲ့ စစ်ကောင်စီကို တော်လှန်သွားမယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက ဒီနေ့မွန်းလွဲ ထပ်မံရရှိတဲ့ စာရင်းအရ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ကလေးမြို့နယ်က ရဲမှူးသောင်းမြင့်၊ ရဲတပ်ကြပ် ဇော်မင်းအောင်၊ ဒုတပ်ကြပ် ကျော်ဇင်ထိုက် ၊ ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ် မိုးထက်နိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013