DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ထက် စည်ပင်ရောင်းချသည့် မြေကွက်များကို ပြည်သူပိုင်အဖြစ် သိမ်းမည်ဟု NUG သတိပေး
DVB
·
January 17, 2022
စစ်ကောင်စီလက်ထက် စည်ပင်ရောင်းချသည့် မြေကွက်များကို ပြည်သူပိုင်အဖြစ် သိမ်းမည်ဟု NUG သတိပေး
Donate to DVB

စစ်ကောင်စီလက်ထက်မှာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီတွေဆီကနေ မြေကွက်တွေ ရောင်းတာ၊ ဂရန် ထုတ်ပေးတာတွေဟာ တရားမဝင်တာကြောင့် ပြည်သူ့အစိုးရတက်လာချိန်မှာ အဆိုပါ မြေကွက်တွေကို ပြည်သူပိုင်သိမ်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီတွေက စည်ပင်သာယာပိုင်မြေတွေကို ရောင်းချတာ၊ ဂရန်ဖောက်တာတွေ စီစဉ်ဆောင်ရွက်နေတယ်လို့ ကြားသိရတာကြောင့် နိုင်ငံပိုင်မြေရဲ့ မူလပိုင်ရှင်တွေက နိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေဖြစ်တဲ့အတွက် ပြည်သူလူထုကို ကိုယ်စားပြုမှု အလျှင်းမရှိတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့ အဆိုပါမြေတွေကို စီမံခန့်ခွဲ ရောင်းချပိုင်ခွင့် မရှိကြောင်း NUG ကထောက်ပြပြောဆိုထားပါတယ်။

ဒါကြောင့် မြေကွက်တွေကို ဝယ်ယူတာ၊ ဂရန်ထုတ်ယူတာ၊ တဆင့်ရောင်းချတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရောက်ရှိတဲ့အချိန်မှာ ဒီမြေတွေကို ပြည်သူပိုင်မြေအဖြစ် ပြန်လည်သိမ်းယူသွားမှာဖြစ်တာကြောင့် ဝယ်ယူသူ အပါအဝင် ရောင်းချသူနဲ့ပူးပေါင်းဆောင်ရွက်တဲ့သူအားလုံးကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ NUG ကဆိုပါတယ်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “ကျနော်တယောက်တည်းရဲ့အမြင်ကတော့ ပုံမှန်ရောင်းဝယ်နေတဲ့အပေါ်မှာတော့ သိပ်ပြီးတော့ သက်ရောက်မှုက မရှိနိုင်ပါဘူး။ ကျနော် ထင်တယ်။ ဒါက ကျနော်တို့ သာမန်ပြည်သူတွေဝယ်တဲ့ မြေကွက်ဝယ်တဲ့အပေါ် ရည်ညွှန်းတဲ့ပုံတော့ မပေါ်ဘူး။ မြေနဲ့ပတ်သတ်တဲ့ မြေမုဆိုးတွေပေါ့၊ သူတို့ကို ရည်ညွှန်းတာလို့ မြင်ပါတယ်။ နောက်တချက်က မသိပဲနဲ့ဝယ်လို့ ဆုံးရှုံးမှုတွေ ရှိနိုင်လားဆိုတာ အဲ့ဒါကတော့ ဆုံးရှုံးနိုင်ဖို့ သေချာတာပေါ့။ ဒါကြောင့် ဝယ်လို့ရှိရင် မြေနဲ့ပတ်သတ်တဲ့ ပိုင်ရှင်ရဲ့ရာဇဝင်တွေကို သိဖို့လိုတာပေါ့။ ရာဇဝင်ကို သိတာကလည်း အကျိုးဆောင်အကြီးကြီးတွေကလွဲလို့ ကျန်တဲ့အငယ်လေးတွေက လက်လှမ်းမှီဖို့ မလွယ်ဘူးနော်။ ဒါကြောင့် ရှေ့နေတွေနဲ့ပါ မေးမြန်းတိုင်ပင်ပြီးတော့မှ ဝယ်စေချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝယ်ရောင်းလုပ်ကိုင်သူတဦးကလည်း “NUG က စာထုတ်တာတော့ တွေ့လိုက်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ဖော်ထုတ်ပြီး ဘယ်လိုရောင်းနေလဲ ဆိုတာတော့ မသိဘူးပေါ့နော်။ ကျနော်တို့ သာမန်သိတာကတော့ အဲဒါတွေကို မြေဖော်ထုတ်နေတယ်။ ရောင်းနေတယ်ဆိုတာက ဘယ်နားလဲဆိုတာကို အမှန်အတိုင်းပြောရရင် အခုအချိန်အထိ သိကို မသိသေးတာပါ။ ကျနော်တို့သိတဲ့အနေအထားမှာတော့ အဲ့ဒါမျိုးတွေ ဝယ်တာ၊ ပြုတာတော့ မတွေ့မိသေးဘူး။ အမှန် ပြောရရင်တော့ သာမန်ပြည်သူတွေအနေနဲ့ကတော့ အဲဒီအနေအထားကို သိတောင်မသိကြပါဘူး။ NUG က စာထုတ်မှသာ သိကြတာလေ။ ဘယ်နားမှန်းလည်း မသိဘူး။ ဘယ်လောက်ဆိုတာလည်း မသိဘူး” လို့ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013