DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေသည့် ကလေးမြို့နယ်နှင့် ချင်းပြည်နယ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
DVB
·
January 17, 2022
တိုက်ပွဲဖြစ်နေသည့် ကလေးမြို့နယ်နှင့် ချင်းပြည်နယ်တွင်  ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ် (မြောက်ပိုင်း) ကုန်ကူးသန်းလမ်းမကြီး နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားပြီး ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

အရင်က ခေါက်ဆွဲခြောက်တစ်ထုပ်ကို  ငွေကျပ် ၅၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ကျပ် ၁၀၀၀ နဲ့ ၁၅၀၀ လောက်အထိ ပေးပြီး ဝယ်စားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်နေ ပြည်သူတယောက်က "ကလေးမှာက အခုတလော အခြေအနေတော်တော်ဆိုးနေတာ။ ယံယံမျက်လုံးတောင် အရင်က ကျပ် ၅၀၀ ပဲပေးဝယ်စားရတာ။ အခု ၁၀၀၀/ ၁၅၀၀ နဲ့ ဝယ်စားနေရတာ တိုက်ပွဲဖြစ်တော့ ဘယ်ကုန်ကားမှဝင်လို့မရဘူး"လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ အစာရေစာပြတ်လပ် နိုင်တာကြောင့် ကြိုတင်သိုလှောင်ထားရှိကြဖို့နဲ့ ကုန်ကူးသန်းရောင်းဝယ်သူတွေအနေနဲ့လည်း ပုံမှန်ဈေးအတိုင်းပဲရောင်းချကြဖို့ ချင်းပြည်သူ့ကာကွယ်ရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက် ရောင်းချနေတယ်ဆိုရင် ချင်းပြည်သူ့ကာကွယ်ရေး စစ်တပ်ကို အကြောင်းကြား ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဇန်နဝါရီ ၁၂ ရက်က စတင်ပြီး  စစ်ကိုင်းတိုင်း၊ ကလေးနဲ့ ချင်းပြည်နယ်(မြောက်ပိုင်း) ကုန်ကူးသန်း လမ်းမကြီးမှာရှိတဲ့ ချင်းပြည်နယ် တီးတိန်မြို့၊ ထေးဇန်ကျေးရွာနဲ့ ဟိန်ဇိန်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ တိုက်ပွဲအ ပြင်းအထန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကျေးရွာတွေအနီးက ကျေးရွာ ၈ ရွာလောက်ကဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကုန်ကူးသန်းလမ်းမကြီးပေါ်မှာရှိတဲ့ တိုက်ပွဲဖြစ်ကျေးရွာတွေရဲ့ ကြားမှာရှိတဲ့ လမ်းမကြီးပေါ်က ကျေးရွာတွေမှာ ကုန်ဈေးနှုန်းတွေမြင့်တက်နေတာလို့လည်း ဒေသခံတွေဆီကသိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေရာ လမ်းတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပိတ်ထားတာကြောင့် ကုန်စည်ကူးသန်း ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ဇန်နဝါရီ ၁၅ ရက်မှာ ကလေးမြို့နဲ့ တီးတိန်မြို့လမ်းကြောင်းမှာ  တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲဟာ ၇ နာရီလောက်အထိ ကြာမြင့်ခဲ့ပါတယ်။ ပါးရ်သဲ၊ လုမ်ဘမ်နဲ့ ဖလမ်း-ကလေး လမ်းမကြီးပေါ် မှာဖြစ်ပွားတဲ့ ဇန်နဝါရီ ၁၆ ရက် တိုက်ပွဲမှာတော့ ၁၁ နာရီလောက်အထိ ကြာမြင့်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ကလေးမြို့နဲ့ တီးတိန်မြို့လမ်းကြောင်းမှာလည်း တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၂ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပြီး လက်နက် ၄ လက်နဲ့ ကျည်တွေကိုလည်း  သိမ်းဆည်းရမိခဲ့တယ်လို့  ချင်းပူးပေါင်းတပ်ဖွဲ့တွေကသိရပါတယ်။

စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ချင်းကာကွယ်ရေးတပ်သားတွေ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သလို CAN ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တပ်ကြပ်ကြီး တယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013