DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဝေဘူလမြို့အနီးက ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ
DVB
·
January 17, 2022
တိုက်ပွဲကြောင့် ဝေဘူလမြို့အနီးက ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ
Donate to DVB

စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့အနီး ကျေးရွာ ၈ ရွာက ပြည်သူ ၃ ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်နေသူတွေက ပြောပါတယ်။

ပါးရ်သဲ၊ လုမ်ဘမ် နဲ့ ဖလမ်း-ကလေး လမ်းမကြီးပေါ်က ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“မနေ့ကရော ဒီနေ့ရော တိုက်ပွဲဖြစ်တာ အကြာကြီးပဲ။ ရွာထဲကိုလက်နက်ကြီးတွေ ကျကျလာတယ် ထွက်ပြေးကြတာပေါ့။ အခုထိ မပြန်ရဲသေးဘူး။ သူတို့လည်း တိုက်ပွဲဆက်ဖြစ်နေကြသေးတယ်” လို့ စစ်ဘေးတိမ်းရှောင်နေသူဒေသခံတစ်ဦးကပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ပါရ်သဲ ကျေးရွာနဲ့ လုမ်ဘမ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၁၆ ရက်နေ့ မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က အသေအပျောက်များ နိုင်တယ်လို့ CNDF က သိရပါတယ်။

ဖလမ်းတပ်ကုန်းကနေ အဝေးပစ်လက်နက်ကြီး ၁၂၀ မမနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့ပေမဲ့ CNDF ဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေးမြို့နယ် ချောင်းခွကျေးရွာဘက်ကို အင်အား ၂၅၀ လောက်နဲ့ ချီတက်ခဲ့ပြီး ဖလမ်းမြို့နယ် ဗားရ်တံတား ကင်းစခန်းမှာ အင်အား ၁၀၀ လောက် ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။ အင်အား ၁၅၀ လောက်နဲ့ ဖလမ်း-ကလေး လမ်းမကြီးပေါ်က ပါးရ်သဲ ကျေးရွာဘက်ကို ပြန်ဆင်းသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်ကနေ ညနေ ၅ နာရီခွဲလောက်အထိ ပါရ်သဲ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့  ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းအတွဲလိုက်နဲ့ တိုက်ခိုက်ရာမှာ စစ်ကောင်စီ ၄ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ ၇ နာရီလောက်အထိ ကြာမြင့်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ တိုက်ပွဲမှာတော့ ၁၁ နာရီလောက်အထိ ကြာမြင့်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ကလေးမြို့နဲ့တီးတိန်မြို့လမ်းကြောင်းမှာလည်း တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၂ ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ရပြီး လက်နက် ၄ လက်နဲ့ ခဲယမ်းကျည်တွေကိုလည်း  သိမ်းဆည်းရမိခဲ့တယ်လို့  ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ်သားတွေ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး CAN ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013