DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ်အနည်းဆုံး ၂၅ လုံး မီးလောင်ဆုံးရှုံး
DVB
·
January 16, 2022
မြိုင်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ်အနည်းဆုံး ၂၅ လုံး မီးလောင်ဆုံးရှုံး
Donate to DVB

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျေးရွာ ၂ ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ် သဒွတ်ကျေးရွာကို ဒီကနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်က ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ညောင်ပင်လယ် ကျေးရွာကိုလည်း စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်က ဝင်ရောက်မီးရှို့ခဲ့ပြီး အခုအချိန်ထိ မီးလောင်ကျွမ်းနေကာ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“ညောင်ပင်လယ်ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူးလို့ သတင်းကြားတာကြောင့် ဒေသခံ PDF အဖွဲ့တွေတော့ သွားရောက်မီးငြှိမ်းသတ်နေကြတယ်။ ညီမတို့ ဒေသခံတွေကတော့ အဆင်ပြေတဲ့ဆီကို တကွဲတပြားစီနဲ့ ထွက်ပြေးနေကြရတာပေါ့။ စစ်ကောင်စီတပ်တွေ ဝင်လာလို့ မြိုင်မြို့နယ်အနောက်ပိုင်းက သဒွတ်၊ ညောင်ပင်လည်နဲ့ နန်းတော်ရာရွာက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်” လို့ ဒေသခံတဦးက  ပြောပါတယ်။

နန်းတော်ရာရွာမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း စစ်ကောင်စီတပ်တွေက ရွာပြင်မှာနေတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်ကို လည်လှီးပြီး တဲကောလူကော မီးရှို့ သတ်ဖြတ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ထဲက ကျေးရွာအများအပြားကို ဝင်မွှေပြီး နေအိမ်တွေ၊ တဲတွေနဲ့ ဆိုင်ယ်တွေကို မီးရှို့ဖျက်ဆီတာတွေ ပြည်သူတွေရဲ့ငွေကြေးနဲ့ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ အိမ်မွေးတိရစ္ဆာတွေကိုပါ သတ်ဖြတ်စားသောက်သွားကြတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်တွေဟာ အင်အားအလွန်အကျွံ သုံးပြီး စစ်ကြောင်း ၅ ကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013