DVB Logo
Home
မြန်မာသတင်း
မစိုးရိမ်ရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ပုတီးကျေးရွာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး
DVB
·
January 16, 2022
မစိုးရိမ်ရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ပုတီးကျေးရွာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကြားရှိ မစိုးရိမ်ရွာအနီးမှာ ဇန်နဝါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ် မိုင်ဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၆၀ လောက်ဟာ မစိုးရိမ်ရွာထဲမှာ မွေနှောက်ဖျက်ဆီးပြီး ရွာအပြင်ပြန်အထွက် ပဲယင်းမြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဂဠုန်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“ဒေသခံတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်။ နေအိမ်၊ ပရိဘောဂတွေနဲ့ စားသောက်ကုန်တွေကို ဖျက်ဆီးတာတွေ လုပ်တာကြောင့် ကျနော်တို့ အခုလို ပြန်လည်ခုခံမိုင်းဆွဲတာတွေ လုပ်ခဲ့တယ်ဗျ။ စစ် (-) အသေအပျောက်ကတော့ ၅ ဦး သေတယ်၊ ၂ ဦး ခြေပြတ်လက်ပြတ်ဖြစ်တယ်။ ဘာလို့ အဲဒီလိုပြောနိုင်ရတာလဲဆိုတော့ သူတို့ကို ကောင်းကောင်မြင်နိုင်မယ့် နေရာကနေ ကျနော်တို့ မြင်ရလို့ ပြောနိုင်တာဗျ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ဒီကောင်တွေ ရမ်းပစ်ရတာဆိုတော့ ပစ်မှတ်ကို မှန်အောင်မပစ်နိုင်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ဘက်က အကျဆုံးမရှိခဲ့ဘူး။” 

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး တိုက်ခိုက်ထိန်းချုပ်နေပေမဲ့ ထိန်းချုပ်လို့မရတာကြောင့် မြို့နယ်တွေမှာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပုတီးကျေးရွာ ပြည်သူတွေရဲ့  နေအိမ်တွေကိုလည်း ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်နဲ့ မွန်းတည့် ၁၂ နာရီလောက်က ပုတီးကျေးရွာကို စတင်ဝင်ရောက်လာခဲ့ပြီး ညနေ သုံးနာရီလောက်မှာ စတင်မီးရှို့ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

"အင်အား ၂၀၀ ကျော်လောက်နဲ့ ကျွန်းလှ ခဝါသည်ရွာဘက်ကနေ တက်လာတယ်။ ၁၂ နာရီ လောက်တက်လါတာ။ ကျေးရွာကသူတွေလည်း ပြေးကြရတယ်။ ရွာထဲက အိမ်တွေကို ညနေ ၃ နာရီလောက်က စပြီးမီးရှို့တော့တာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ကျေးရွာစွန့်ခွာပြေးနေရတဲ့အတွက်  နေအိမ်ဘယ်လောက် မီးရှို့ဖျက်ဆီးခံရတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ရက် ညပိုင်းကလည်း ပုတီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ဖျက်ဆီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013