DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များတွင် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့
DVB
·
January 15, 2022
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များတွင် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ထန်းတောကုန်းကျေးရွာမှာ နေအိမ်နဲ့တွဲဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ကို  ဇန်နဝါရီ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။

နောင်ကြီးအိုင်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  ထန်းတောကုန်းရွာကို ဝင်မွှေပြီး အိမ်တအိမ်ကို  မီးရှို့သွားလို့ စပါးတင်း ၁၀၀ လောက် ပါသွားတယ်လို့လည်း ရွာသားတွေက ဆိုပါတယ်။

ဒေသခံရွာသားတစ်ဦးက “ကျနော်တို့ရွာကို တောလမ်းကအတိုင်းဝင်လာတာဗျ။ ရွာထဲရောက်တော့ သူတို့လိုချင်တာယူတယ်။ လက်ဖက်ရည်ဆိုင် တဆိုင်ကို မီးရှို့တယ်။ ဆိုင်ကယ် ၇ စီးကိုလည်း ဒီကောင်တွေယူသွားတယ်။ ဘာကြောင့်ဒီလိုလုပ်ဆောင်တာလဲဆိုတာကိုတော့ မသိဘူးဗျ။ သူတို့တတွေက  သူတို့မထင်ရင် မထင်သလိုလုပ်ကြတာဆိုတော့ ဘာမှပြောမရဘူး” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များဟာ ထန်းတောကုန်းကျေးရွာကို ဝင်ရောက်မွှေနောက်ပြီး ညနေ ၃ နာရီလောက်မှာ နောင်ကြီးအိုင်ရဲစခန်းကို ပြန်ရောက်သွားတယ်လို့ မျက်မြင်သူတွေက ပြောပါတယ်။

မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာမှာတော့ ဇန်နဝါရီ ၁၃ ရက်မှာ ဒေသခံ ပြည်သူတွေရဲ့ နေအိမ် ၁၃ လုံးကို စစ်ကောင်စီတပ်က မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အခုလို နေအိမ်ဖျက်ဆီးခံရအောင် သတင်းပေးခဲ့တဲ့အမျိုးသမီးရဲ့ နေအိမ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ မှာ ပြန်ဖျက်ဆီးပြီး အိမ်ဖျက်ဆီးခံရတဲ့ ခံစားချက်ကိုနားလည်အောင်ပညာပေးခဲ့တယ်လို့  မြင်းမူ လျှပ်စီးပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။=

ဒါ့အပြင် အဆိုပါ အမျိုးသမီးရဲ့ နေအိမ်တွင်းက ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပြီး တချို့ကိုတော့ သိမ်ဆည်းခဲ့ကာ ပြည်သူတွေကိုခွဲဝေပေးခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာမှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက ရွာသားတစ်ဦးဖြစ်တဲ့ အန်အယ်လ်ဒီ အမာခံ ဦးကျော်သူရဲ့အိမ်ကို မနေ့က  ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွား ခဲ့ကြတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတစ်ဦးက “ဆင်မရဲရွာက ပျူခေါင်းဆောင် အုပ်ကြီး ကျော်တိုးက အန်အယ်လ်ဒီ အမာခံကျော်သူအိမ်ကို မီးရှို့တာ။ အိမ်ထဲက ပစ္စည်းတွေကို အရင်ရှာယူပြီးမှ မီးရှို့ခဲ့တာလို့ပြောတယ်။ ပျူအဖွဲ့က ရွာထဲပတ် ရမ်းကားသောင်းကျန်းနေလို့ ရွာထဲကလူတွေ ထွက်ပြေးနေရတယ်။ ဒလန်အုပ်မှူးနဲ့ အပေါင်းအပါ ပျူတွေပဲ ဖြစ်တာကတော့ မနေ့က ၁နာရီခွဲလောက်က စဖြစ်တာ၊ အရင်တုန်းကလည်းအဲ့လိုပဲ ရွာထဲမှာသောင်းကျန်းတာပဲ သူက စခတွေရောခေါ်ခေါ်လာတာ ၊ ဟိုတနေ့ကအထိ ရွာထဲမှာတပ်စွဲထားသေးတယ် “လို့ ပြောပါတယ်။

တန့်ဆည်မြို့မှာတော့  စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေပူးပေါင်းပြီး လမ်းဆုံ ဈေးဟောင်း အနောက်ဘက်က ဈေးဆိုင်ခန်းတွေကို ဖောက်ထွင်းခိုးယူခဲ့ကြတယ်လို့ မြို့ခံ တွေဆီကသိရပါတယ်။

ဖောက်ထွင်းခံရချိန်ဟာ  ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဖြစ်ပြီး ဆိုင်ခန်းတွေထဲက ဆန်၊ ဆီ၊ မြေပဲ၊ ကော်ဖီထုပ်နဲ့ စားစရာတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

မြို့ခံတဦးက “ ညအချိန်ဘယ်သူမှမထွက်ရဲတဲ့အချိန်ကြီးမှာ ဖောက်ထွင်းခံရတာ။ အဲ့ဒီဈေးဆိုင်တွေမှာရောင်းတဲ့ပစ္စည်းတွေပေါ့ဗျာ။ ယူသွားခံရတာပေါ့။ အဲ့ဒီအချိန်က ဘယ်သူမှမထွက်ရဲတဲ့အချိန်။ စခနဲ့ပျူတွေပဲရှိတာ။ သူတို့ကလွဲပြီးဘယ်သူမှမယူဘူး။ အဲ့ဒီအချိန်လည်းဘယ်သူမှမထွက်ရဲဘူး။ ညဘက်ဆိုရင် ပျူနဲ့ စခတွေက သေနတ်ဖောက်တယ် မြို့ထဲကင်းပတ်တယ်။ သူတို့ကင်းပတ်ချိန်ဖြစ်တာပဲ “လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက နိုင်ငံရေးမတည်မငြိမ် ဖြစ်ချိန်ကို အခွင့်ကောင်းယူပြီး ဓားပြတိုက်ခြင်း၊ လုယက်သတ်ဖြတ်ခြင်း၊ ငွေညှစ်တောင်းခံတာတွေ  ဥပဒေမဲ့ပြုလုပ်လာတယ်လို့ တန့်ဆည်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

တန့်ဆည်မြို့နယ်နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မနေ့ည ၇ နာရီလောက်က တန့်ဆည်မြို့နယ်မှာ ခရီးမသွားရ သတ်မှတ်ထားတဲ့ နေရာမှာ မောင်းနှင်လာတဲ့ ကုန်တင်ကားကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က တားဆီးစစ်ဆေးရာမှာ  စစ်တပ်ထုတ်ကုန် ဘီယာဖာ ၅၀၀ တင်လာတာတွေ့တဲ့အတွက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၄ ရက် မွန်းတဲ့ ၁၂ နာရီလောက်က ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၃ စီးနဲ့ ရောက်ရှိလာပြီး တစီကတပ်သားတွေကို သဲကုန်းကြီးရွာအနီးချခဲ့ကာ ကျန်ရဟတ်ယာဉ် ၂ စီးပေါ်က လက်နက်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။

ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ  ခင်ဦးမြို့နယ် တပင်ကောင်းကျေးရွာဘက်သို့ လမ်းမအတိုင်းမသွားဘဲ ယာခင်းတွေကို ကျော်ဖြတ်ပြီး  သည်တပင်ကောင်း ဘုန်းကြီးကျောင်းမှာ ညအိပ်တပ်စွဲထားလို့ ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013