DVB Logo
Home
မြန်မာသတင်း
ပြည်သူလူထုအတွက် ခုခံကာကွယ်သွားမည်ဟု DKBA ပြော
DVB
·
January 15, 2022
ပြည်သူလူထုအတွက် ခုခံကာကွယ်သွားမည်ဟု  DKBA ပြော
Donate to DVB

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)အနေနဲ့ ပြည်သူလူထုအတွက် အတတ်နိုင်ဆုံး ခုခံကာကွယ်ပေးသွားမယ်လို့  ဇန်နဝါရီ ၁၅ ရက်က DKBA တပ်မှူးတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်က မွန်းတည့်  ၁၂ နာရီလောက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးလေးကျေးရွာအနီးက DKBA(ဗိုလ်စလုံး)တပ်စခန်းကို စစ်ကောင်စီတပ်က မြေပြင်နဲ့ လေကြောင်းကပါ အင်အားသုံး တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းလက်လွှတ်လိုက်ရပြီးနောက်မှာ အခုလို ပြောတာပါ။ 

စခန်းအတွင်းဖမ်းဆီးခံခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ်က အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခံရတဲ့အပြင်  သောင်းရင်းမြစ်အတွင်း ထွက်ပြေးတိမ်းရှောင်နေသူ  ၂၀ ကျော်ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ DKBA တပ်စခန်းတာဝန်ခံ ဗိုလ်မှူးစလုံးက ပြောပါတယ်။

” ကျနော်တို့ လူတွေ၊ ပြည်သူတွေ လက်နက်မပါဘဲ  ဘာလို့ ပစ်သတ်တာလဲ။ ပြီးတော့  ရွာထဲမှာ လျှောက်လိုက်ပစ်တယ်။ ကျနော်တို့လည်း မခံနိုင်တော့ဘူး။ ဆက်သွားရမှာပဲ မထူးတော့ဘူး။ ကျနော်တို့ ပြည်သူလူထုဘက်က ကာကွယ်မယ်။ တတ်နိုင်သလောက် ခုခံကာကွယ်သွားမယ်။”

လမ်းပိတ်ဆို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ DKBA (ဗိုလ်စလုံး) စခန်းနဲ့ ဖလူးလေးကျေးရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၁၀ ရက်က စတင်ပြီး   လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် DKBA  စခန်းကို စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။

DKBA တပ်စခန်းတာဝန်ခံ ဗိုလ်မှူးစလုံးက” ၄ ရက် ၄ ညလုံးလာတိုက်ခိုက်တော့ အထိအခိုက်များလာတော့ မထူးတော့ဘူးဆိုပြီး ကျနော်တို့ စခန်းကနေ ဆုတ်လိုက်တယ်။  စခန်းထဲမှာ ၄ ယောက်အဖမ်းခံမိတော့ မီးနဲ့ရှို့သတ်လိုက်တယ်။ ပြီးတော့ ဒုက္ခသည်ရွာသားတွေ ရေချောင်းထဲမှာ  ထိုင်းဘက်ကမ်းကို ကူးတယ်။ ရေချောင်းထဲကို သူတို့ ပစ်ထည့်တာ အယောက် ၂၀ ကျော် သေသွားတယ်။ အခု  အလောင်းကတော့ ၈ လောက်တော့ တွေ့နေပြီ။ ကျန်တာတော့ မတွေ့သေးဘူး”လို့ ပြောပါတယ်။

တိုက်ပွဲတွေမှဦ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးရမိခဲ့ရင် ကောင်းမွန်စွာစောင့်ရှောက်ထားခဲ့ပေမယ့်  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေ ဖမ်းဆီးခံရရင် စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်နေတဲ့အတွက် အတတ်နိုင်ဆုံး ပြည်သူလူထုအတွက် ခုခံကာကွယ်ပေးသွားမယ်လို့ DKBA တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မယ်ဝါးခီးကျေးရွာ စစ်ဘေးရှောင်တစ်ဦးက” လေယာဉ်နဲ့လာပစ်တော့  ဟိုဘက်ကမ်းကို ပြေးတဲ့သူကပြေး ဒီဘက် ကော့မနောင်းချောင်းနားမှာ ရှိတဲ့သူက ရှိနေတယ်။ မနေ့က ငိုပြီးပြေးခဲ့ရတယ်။ သေရင်လည်း သေ။ ရှင်ရင်လည်း မထူးတော့ဘူး။ ဘဝနာတာ တော်တော်လေးနာတယ်။ သေသွားတဲ့ သူတွေအတွက် စိတ်တော့မကောင်းဘူး။ ကျမတို့လည်း ဘာမှ ကယ်လို့လည်း မရဘူး။ ကျမတို့ ဘဝမှာ အဲဒါမျိုး အများကြီးရှိတယ်”လို့ ဆိုပါတယ်။

အလားတူ ဒီမနက် ၆ နာရီနဲ့ မွန်းတည့်  ၁၂ နာရီလောက်က ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကကြီးအနီး ကော့နွဲ၊ ရွာသစ်၊ ကမိုင်ကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်မှုတွေနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို နေ့လည်ပိုင်းမှာ စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးက လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့နွဲ၊ ရွာသစ်၊ မြို့ဟောင်း၊ အံဖကြီး၊ အံဖလေးနဲ့ အံကလောင်ကျေးရွာတွေက ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသအနီး ကျေးရွာ ၁၀ ရွာကဒေသခံတချို့နဲ့ အိမ်မွေး တိရိစ္ဆာတချို့ဟာ လက်နက်ကြီး ထိမှန်သေဆုံးတာ၊ ဒဏ်ရာရရှိတာတွေအပြင် သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဒေသခံ ၁၆၀၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်  ခိုလှုံနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013