DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်း စစ်ဘေးရှောင် ၁၀,၀၀၀ ဝန်းကျင် အဝတ်အထည်နှင့် စားနပ်ရိက္ခာလိုအပ်နေ
DVB
·
January 15, 2022
ဒီပဲယင်း စစ်ဘေးရှောင် ၁၀,၀၀၀ ဝန်းကျင် အဝတ်အထည်နှင့် စားနပ်ရိက္ခာလိုအပ်နေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ  စစ်ဘေးရှောင် ပြည်သူ ၁၀၀၀၀ လောက်ရှိနေပြီး သူတို့အတွက် အဝတ်အထည်နဲ့ စားနပ်ရိက္ခာ အရေးပေါ်ကူညီထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့  ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၄ ရက်မှာ လေကြောင်းက တိုက်ခိုက်ခဲ့လို့ ဒေသခံ သောင်းချီ စစ်ဘေးရှောင်ထွက်ပြေးတိမ်းရှောင်နေရပြီး ရုတ်တရက်လာရောက်ပစ်ခတ်တာဖြစ်လို့ ဘာမှမယူနိုင်ကြဘူးလို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ပေးနေသူတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တစ်ဦးက “အဝတ်တထည် ကိုယ်တခုနဲ့ပဲပြေးခဲ့ရတယ်။ အရင် တခေါက်တွေနဲ့မတူဘူး။ ဘာမှပြင်ဆင်ချိန်မရလိုက်ဘူး။ လေကြောင်းကပစ်လာတာမို့လို့ ဘာမှယူချိန်မရလိုက်ဘူး။ စစ်ဘေးရှောင်တွေကို ကူညီပေးကြပါ။ ဒီနေ့ထိ မပြန်ရဲသေးဘူး မြေပြင်မှာလည်း စစ်ကြောင်းရှိနေသေးတော့ ပြန်ဖို့လည်း ခက်ခဲနေသေးတယ်”လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့  မနေ့ နေ့လယ်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ် ရဟတ်ယာဉ်တစ်စီးကလည်း ယာဉ်ကျေးရွာထဲကို ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။

ယာဉ်ကျေးရွာ၊ ကုန်းကြီး၊ ကုန်းတန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ယာဉ်ကျေးရွာ တောကျောင်းကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းက နေအိမ်တွေထဲက ပစ္စည်းတွေကို ခိုးယူသွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ နိုဝင်ဘာ ၂၇ ရက်က ညောင်လှကျေးရွာအနီးမှာတစ်ကြိမ် ဒီဇင်ဘာ ၂၂ရက်မှာတစ်ကြိမ်၊ ဇန်နဝါရီ ၁၄ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ပေးလိုသူတွေအနေနဲ့ ဒီပဲယင်း၊ ရွှေဘိုမြို့တွေက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့အဖွဲ့တွေကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ဒီပဲယင်း စစ်ရှောင်စခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013