DVB Logo
Home
မြန်မာသတင်း
လူပေါင်း ၁၀,၀၀၀ ကျော်ကို ဖမ်းဆီးထားဟု စစ်ကောင်စီပြော
DVB
·
January 15, 2022
လူပေါင်း ၁၀,၀၀၀ ကျော်ကို ဖမ်းဆီးထားဟု စစ်ကောင်စီပြော
Donate to DVB

အကြမ်းဖက်မှုနဲ့ လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး ၁၀,၀၀၀ ကျော်ကိုတော့ ရှာဖွေဖော်ထုတ်ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အကြမ်းဖက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ အယောက် ၁၄၈၀ ဖြစ်ပြီး ရှာဖွေဖော်ထုတ်ဖမ်းဆီးတာက လူပေါင်း ၁၀၀၆၉ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒါက‌တော့ ဘာမှမလုပ်ရသေးဘဲ ကြံစည်နေတုန်း ဖမ်းဆီးတာလို့ ဆိုပါတယ်။ 

စုစုပေါင်း ၁၁၅၄၉ ယောက် ကို ဖမ်းဆီးထားပြီး လက်နက်မျိုးစုံ ၃၄၅၁ လက်၊ ခဲယမ်း ၁၆၀၆၇၄ တောင့်၊ လက်ပစ်ဗုံး ၇၃၆ လုံးနဲ့ လက်လုပ်မိုင်း ၇၉၀၂ လုံးကို သိမ်းဆည်းရမိထားတယ် လို့ ပြောပါတယ်။ 

ဒါတွေကတော့ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံတွေကို တိုက်ခိုက်တုန်းမှာ ဖမ်းဆီးမိတာနဲ့ ရှာဖွေဖော်ထုတ်ဖမ်းဆီးတယ်ဆိုတဲ့ အရေအတွက် ဖြစ်တယ်လို့ဆိုပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ကာလအတွင်း တိုက်ခိုက်တာ ၄၀၄၄ ကြိမ် ရှိတယ်လို့လည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အန်အယ်လ်ဒီအမတ်ဟောင်း ဦးဖြိုးဇေယျာသော် ပြောထားတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကိုလည်း ပြသခဲ့ပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013