DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်က မီးဘေးနှင့်စစ်ဘေးရှောင်များကို PDF အဖွဲ့များက ကူညီလှူဒါန်း
DVB
·
January 15, 2022
မြောင်မြို့နယ်က မီးဘေးနှင့်စစ်ဘေးရှောင်များကို PDF အဖွဲ့များက ကူညီလှူဒါန်း
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာနဲ့ နဘက်ကျေးရွာ မီးဘေးသင့်ပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဇန်နဝါရီ ၁၄ ရက်နေမှာ လှူဒါန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်နဲ ၁၃ ရက်တွေမှာ နဘတ်ကျေးရွာနဲ့ ဆွဲလဲအိုကျေးရွာကို  စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် အိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရတာပါ။

“စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတဲ့ ဆွဲလဲအိုကျေးရွာ အိမ်ထောင်စု ၁၃ စု နဲ့ နဘက်ကျေးရွာမှ အိမ်ထောင်စု ၆ စု၊ စုစုပေါင်း ၁၉ အိမ်ထောင်စုနဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တွေပူးပေါင်းပြီး အိမ်ထောင်စု တစုကို တစ်သိန်းကျပ်စီ လှူဒါန်းကူညီထောက်ပံ့ခဲ့တယ်။ နောက်ထပ်ကျနော်တို့ဆီကို ‌ပြည်အများအပြားက လှူဒါန်းပေးခဲ့တဲ့ ဆန်သုံးအိတ်လည်း အလှူရှင်တွေရဲ့ကိုယ်စား ကျနော်တို့အဖွဲ့တွေက လှူပေးခဲတယ်” လို့ CDSOM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မီးဘေးသင့်နဲ့ စစ်ဘေးရှောင်တွေကို Myaung Union Army-MUA (တပ်ရင်းမှုး-ကိုတိုက်ဂါး)၊ အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ (မြောင်)-M2W၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တို့က လှူဒါန်းပေးခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း နယ်မြေစိုးမိုးမှုရရှိအောင် စစ်ကောင်စီတပ်တွေက ဇန်နဝါရီလဆန်ပိုင်းကစပြီး စစ်အင်အားအလုံးအရင်းရဲ့ မြေပြင်စစ်ကြောင်းသာမက လေကြောင်းပစ်ကူပါ အသုံးပြုနေပြီး ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013