DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့နယ်၌ စစ်ကောင်စီတပ်က နေအိမ် ၅ လုံးမီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁ ဦးကိုပစ်သတ်
DVB
·
January 15, 2022
တီးတိန်မြို့နယ်၌ စစ်ကောင်စီတပ်က နေအိမ် ၅ လုံးမီးရှို့ဖျက်ဆီးပြီး ဒေသခံ ၁ ဦးကိုပစ်သတ်
1 / 3
Donate to DVB

ချင်းပြည်နယ် တီးတိန်မြို့နယ် ထေးဇန်ကျေးရွာအုပ်စုမှာ  ဇန်နဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လူနေအိမ် ၅ လုံးအား မီးရှို့ဖျက်ဆီးကာ ကျေးရွာသားတယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထေးဇန်ကျေးရွာထဲက ဝန်ထမ်းနေအိမ် ၂ လုံးနဲ့ ပြည်သူနေအိမ် ၃ လုံး စုစုပေါင်း ၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဟိန်ဇိန် ကျေးရွာဒေသခံတယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖို့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ထေးဇန်ကျေးရွာနဲ့ ဟိန်ဇိန်ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရစဉ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က နေအိမ်မှာ ကျန်ရစ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဦးမန်ဒိုခုတ်ကို ကျေးရွာထဲ ဝင်လာတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“၁၂ ရက်နေ့ကတည်းက ရွာထဲက လူတွေအကုန် ထွက်ပြေးလာကြတာ။ သူတို့ဟိန်ဇိန်ကျေးရွာမှာ ရောက်တော့ မန်ဒိုခုတ်ကို ပစ်သတ်သွားတယ်လေ။ သူက PDF ထဲက မဟုတ်ဘူး အိမ်မှာ စောင့်ရှောက်ဖို့ အိမ်ကိုစိတ်မချလို့ နေရစ်ခဲ့တာကို ပစ်သတ်သွားတာ။ ဝန်ထမ်းအိမ် ၂ ခုနဲ့ ရွာထဲက ၃ အိမ်ကို မီးရှို့သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ မနက် ၃ နာရီကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ဟာ CNDF တပ်ဖွဲ့ထောင်ထားတဲ့ မိုင်းတစ်လုံး နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိရပါတယ်။

ချင်းတောင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ အင်အား ၁၀၀ ကျော် နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ  ဇန်နဝါရီ ၁၃ ရက်နေ့မနက် ၁၀နာရီလောက်ကစတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ Zoland PDF က သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့က လမ်းပြအဖြစ်ဖမ်းဆီးခံခဲ့ရတဲ့  Civic Defence Militia (CDM)PDF ရဲဘော်တစ်ဦး  ဇန်နဝါရီ ၁၃ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီလက်က ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ တီးတိန်အနီးအနားကို ခရီးသွားလာခြင်းမပြုဖို့ Zoland PDFက ထုတ်ပြန်ထားပါတယ်။

Photo နေအိမ်များမီးလောင်သည့်ပုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013