DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်၀ယ်ယူမှုနှင့်ပတ်သက်သည့် အဂတိအမှု ၅ မှုဖြင့် နိုင်ငံအကြီးအကဲများကို ရုံးထုတ်
DVB
·
January 14, 2022
ရဟတ်ယာဉ်၀ယ်ယူမှုနှင့်ပတ်သက်သည့် အဂတိအမှု ၅ မှုဖြင့် နိုင်ငံအကြီးအကဲများကို ရုံးထုတ်
Donate to DVB

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက စွပ်စွဲထားတဲ့ ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ ပတ်သက်တဲ့ အဂတိအမှု ၅ မှုကို ဇန်နဝါရီ ၁၄ ရက် ဒီကနေ့  ဇမ္ဗူသီရိအထူးရုံးမှာ  ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးထုတ်မှာ အဂတိအမှု ၃ မှုအတွက် ရှေ့နေတွေကို ကိုယ်စားလှယ်လွှဲစာတင်ဖို့ တရားသူကြီးက ပြောဆိုခဲ့ပြီး အမှုတွေအတွက် ခွဲခြားတာ၀န်ယူဖို့ တိုင်ပင်နေဆဲဖြစ်လို့ ကိုယ် စားလှယ်စာမတင်နိုင်သေးကြောင်း စွပ်စွဲခံရသူတွေဘက်က တင်ပြတာကို တရားရုံးက လက်ခံခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ၂၀၂၁ ခုနှစ်က ရဟတ်ယာဉ်တစ်စီး ဝယ်ယူတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက ထပ်မံ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ရုံးချိန်းမှာ နေပြည်တော်ရှိ လရောင်တောစီမံကိန်းအတွက် မြေနေရာချထားမှုနဲ့ ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဆောက်အအုံနဲ့ပတ်သက်တဲ့ အမှုတွေအတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်မာချိုကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒီအမှုတွေနဲ့ပတ်သက်ပြီး လာမယ့် ဇန်နဝါရီ ၂၁ ရက် ရုံးချိန်းမှာ လိုပြသက်သေအဖြစ် ဒေါက်တာသန့် သော်ကောင်းကို စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စစ်ကောင်စီက အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲတာဖြစ်ပြီး  ဒီအထဲက စစ်ဆေးပြီး အမှု ငါးခုအတွက် စီရင်ချက်မှတ်ထားတဲ့  ထောင်ဒဏ်က စုစုပေါင်း  ၆ နှစ် ရှိနေပြီဖြစ်ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013