DVB Logo
Home
မြန်မာသတင်း
တွန်းဇံတွင် ကသည်းသူပုန်အဖွဲ့နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
DVB
·
January 14, 2022
တွန်းဇံတွင် ကသည်းသူပုန်အဖွဲ့နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏီပူရ် ပြည်နယ်အခြေစိုက် ကသည်းသူပုန်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် စဲနမ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၁၃ ရက်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ချင်း PDF အဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲရလဒ်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဇန်နဝါရီ ၁၃ရက်နေ့ ညပိုင်းအထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

အခုလို ကသည်းသူပုန်တွေကို တိုက်ခိုက်တာဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သဘောတူညီမှုနဲ့ တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ အဖွဲ့အစည်းတွေကို ကြိုတင်ဟန့်တားတဲ့အနေနဲ့ တိုက်ခိုက်တာလို့ Chinland Joint Defense Committee  တာဝန်ရှိသူတစ်ဦးက ဒေသခံမီဒီယာတစ်ခုကို ပြောထားပါတယ်။

တွန်းဇံမြို့နယ်က ဆရာမတစ်ဦးအား ကသည်းသူပုန်တစ်ဦးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မဏီပူရ် ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်နေတာကိုလည်း ဒီနေ့အထိ အရေးမယူနိုင်သေးဘူးလို့ သိရပါတယ်။

ကသည်းသူပုန်တွေဟာ စစ်ကောင်စီတပ်နဲ့ ဆက်ဆက်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ခေါင်းဆောင်ပိုင်းတွေဟာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တမူး၊ ကလေး၊ မုံရွာ စတဲ့မြို့တွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

တမူး- TSG ကလည်း ကသည်းသူပုန်တွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းနေတာကြောင့် စက်တင်ဘာလကတည်းက သတိပေးချက် ထုတ်ပြန်ထားပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ခိုလှုံနေတဲ့အပြင် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတယ်လို့ တမူး- TSG က ဆိုထားပါတယ်။

ပူးပေါင်းမှုကို ရပ်တန့်ဖို့နဲ့ မရပ်တန့်ပါက တော်လှန်ရေးပြီးဆုံးပါက မြန်မာနိုင်ငံအတွင်း ခိုလှုံခွင့်လုံးဝပေးတော့မှာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ကသည်းသူပုန်တွေက စစ်တပ်ဝတ်စုံဝတ်ဆင်ပြီး PDF တွေကို တိုက်ခိုက်ခဲ့တယ်လို့ တမူး PDFအဖွဲ့က ၂၀၂၁ မေလမှာ ထုတ်ပြန်ထားပါသေးတယ်။

တွန်းဇံမြို့နယ်ရဲ့အရှေ့ဘက်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နဲ့ တမူးမြို့နယ် တည်ရှိပြီး တောင်ဘက်မှာ တီးတိန်မြို့နယ်၊ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်နဲ့ ထိစပ်နေပြီး မြောက်ဘက်မှာတော့ အိန္ဒိယနိုင်ငံ၊ မဏိပူရ် မြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013