DVB Logo
Home
မြန်မာသတင်း
တွန်းဇံမြို့နယ်ရှိ ဇိုမီးတပ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
June 12, 2025
တွန်းဇံမြို့နယ်ရှိ ဇိုမီးတပ်စခန်း ၁ ခုကို ချင်းပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
1 / 2
Donate to DVB

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဇိုမီး (ZRA) တပ်စခန်း တခုကို ဇွန် ၉ ရက် မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး ZRA တပ်ဘက်က ထိခိုက်သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ ချင်းပူးပေါင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Chin National Army ပြန်ကြားရေးအရာရှိတယောက်က “ကျီခါးနဲ့ တွန်းဇံမြို့နယ်ကြားက တွန်းဇံမြို့နယ်အပိုင်၊ မွာလ်ကွေးရွာမှာရှိတဲ့ ZRA တပ်စခန်းကို CDF Tonzang က ဦးဆောင်ပြီးတော့ CC (Chinlands Council) က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြတာ” လို့ ပြောပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ZRA တပ်သား ၂ ယောက်ရဲ့ အလောင်းတွေ ရရှိခဲ့ပြီး အင်ဆတ်မောင်းပြန်သေနတ် ၄ လက်၊ ဒရုန်း ၂ စီး၊ ကား ၁ စီး၊ ဆိုင်ကယ် ၇ စီး၊ မီးစက် ၁ လုံး၊ ကျည်ဘောက်၊ ကျည်ဆန်တချို့နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကိုပါ သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

CDF Tonzang ရဲ့ တပ်ဖွဲ့ခေါင်းဆောင် Pu Zo MuMung က “အဲဒီဇိုမီးစခန်းက စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ZRA တပ်စခန်းဖြစ်တယ်။ စစ်တပ်နဲ့ပေါင်းပြီး တွန်းဇံမှာရှိနေကြနဲ့ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်ကို ၂ ကြိမ် ၃ ကြိမ်ထက်မနည်း မကြာခဏ ဝင်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်။ နောက်ပြီးတော့လည်း သူတို့ဘက်က တွန်းဇံမြို့ကို ပြန်သိမ်းမယ်ဆိုပြီး သတင်းလွှင့်တာတွေ ရှိနေတယ်။ အဲဒါကြောင့် အခုစစ်ဆင်ရေးကို ဇိုမိုးမုန် စစ်ဆင်ရေးနာမည်နဲ့ တိုက်ပွဲဖော်ဆောင်ခဲ့ကြတာပေါ့နော်။ တိုက်ပွဲကတော့ ဘာမှမကြာလိုက်ဘူး။ တနာရီနီးပါးလောက်ပါပဲ။ အဲဒီစခန်းကို နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်တဲ့အခါမှာ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေထဲမှာ အိန္ဒိယနိုင်ငံသားကတ် အထောက်အထားတွေ ပါနေတာကတော့ နည်းနည်းလေး အံ့ဩစရာ ဖြစ်နေတယ်”လို့ DVB ကို ပြောပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့တွေဘက်က တွန်းဇံမြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက်ပိုင်း CDF Tonzang ကပဲ မြို့ကို ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။

ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရတပ်ဖွဲ့ဝင်တွေဟာ တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်မှာ  တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013