DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ကွမ်းသီးဈေး ထက်ဝက်နီးပါး ပြန်ကျ
DVB
·
January 14, 2022
ရေးမြို့နယ် ကွမ်းသီးဈေး ထက်ဝက်နီးပါး ပြန်ကျ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်ထွက် ကွမ်းဈေးနှုန်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စံချိန်တင်ဈေး ကျပ် ၁၀၀၀၀ ထိမြင့်တက်ခဲ့ပြီးနောက် လက်ရှိမှာ ကျပ် ၅၀၀၀ ကျော်သာရှိတော့ပြီး ထက်ဝက်ကျဆင်းသွားတယ်လို့  ခြံရှင်တွေက ပြောပါတယ်။

“ကွမ်းသီးအခြောက် ၁ ပိဿာကို ၅၀၀၀ ကျပ်လောက် ပြန်ကျသွားတယ်။ ရာသီဥတုဒဏ်ကြောင့် ကွမ်းသီး အထွက်နှုန်းလည်း ကျဆင်းသွားတယ်။ ရရှိတဲ့ ကွမ်းသီးဒီစျေးနဲ့ဆို အလုပ်သမား၊ ခြံစရိတ်နဲ့ဆို သိပ်ပြီးငွေမကျန်ဘဲ အခုက နယ်မြေကလည်း အရင်လိုမအေးချမ်းတော့ ခြံမှာ မနေရဲပြန်တော့ ငွေက ရသင့်သလောက်မရကြဘူး” လို့ ခြံသမားတဦးက  ပြာပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေး မငြိမ်မသက်တာကြောင့် ဝယ်လိုအားလည်း သိပ်ပြီး မကောင်းသလို ငွေကြေးလည်ပတ်တဲ့ ဘဏ်စနစ်လည်း အရင်လိုမကောင်းတော့ အရောင်းအ၀ယ်ပါ အေးပြီး ဈေးပြန်ကျဆင်းလာတာလို့ ဒေသခံ ကွမ်းသီးကုန်သည်တဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာငွေတန်ဖိုးကျဆင်းသွားလာတာနဲ့အမျှ  ပြည်တွင်းကွမ်းသီးဈေး စံချိန်တင်ဈေးတွေ ရရှိခဲ့ပေမဲ့ ဈေးထက်ဝက်ပြန်ကျသွားတာလို့ ဆိုပါတယ်။

ရေးမြို့နယ်က ထွက်ရှိတဲ့ ကွမ်းသီးတွေကို ပြည်တွင်းအပြင် အိန္ဒိယနဲ့  ဘင်္ဂလားဒေ့ရှ်ဘက် အဓိက တင်ပို့နေပြီး  ကွမ်းသီးစိုက်ပျိုးဧက သောင်းနဲ့ချီရှိသလို နှစ်စဉ် ကွမ်းသီးထွက်ရှိမှု တန်ချိန်  ၁ သိန်းဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013