DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်း ရွှေဘိုထောင်ရောက်၊ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲခံရ
DVB
·
January 13, 2022
ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်း  ရွှေဘိုထောင်ရောက်၊ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲခံရ
Donate to DVB

ပြီးခဲ့တဲ့ တလ ကျော်က စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတဲ့  ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းကို ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ထားပြီး  ဇန်နဝါရီ  ၁၃  ရက် ဒီနေ့ ရွှေဘိုအကျဉ်းထောင်ကို  ရွေ့ပြောင်းထားလိုက်ပြီလို့ သူ့ရဲ့ မိသားစုနဲ့  ရှေ့နေထံကနေ  သိရပါတယ်။ 

“သူ့ကို ဒီနေ့ပဲ ရွှေဘိုထောင်ကို ရွေ့လိုက်တယ်လို့ ထောင်အာဏာပိုင်က လှမ်းအကြောင်းကြားတာပါ။ အဝတ်အစားတွေလည်း ပို့လို့ရပြီလို့ ပြောလာပါတယ်” လို့   သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့   အထက်တန်းရှေ့နေ ဒေါက်တာဖိုးဖြူက ဒီဗွီဘီကို ပြောပါတယ်။

ကိုအောင်စံလင်းကို စွဲထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အမှုအတွက် ရုံးချိန်းကိုတော့ အခုလာမယ့် ဇန်နဝါရီ  ၂၆ ရက်နေ့ ရွှေဘိုထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး အမှုကို လိုက်ပါဆောင်ရွက်ဖို့အတွက် ဒီနေ့ပဲ ပါဝါလက်မှတ်ထိုးဖို့ စီစဉ်နေပြီလို့  ရှေ့နေက ပြောပါတယ်။

အသက် ၄၆ နှစ်အရွယ် ကိုအောင်စံလင်းကို  ရွှေဘိုထောင်ထဲက သီးသန့်တိုက်ထဲမှာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းတယ်လို့ ထောင်အာဏာပိုင်တွေဆီက သိရပါတယ်။

ကိုအောင်စံလင်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ပင်းဇင်းကျေးရွာ က သူ့အိမ်မှာ ၀ရမ်းမပါဘဲနဲ့ လာဖမ်းသွားတာဖြစ်ပါတယ်။ 

စတင်ဖမ်းဆီးစဉ်က ရွှေဘိုရဲစခန်းမှာ ထားရှိပြီး ဒီနောက် စစ်တပ်စစ်ကြောရေးစခန်းကို ရောင်သွားချိန်မှာ  မိသားစုက စုံစမ်းမရတော့ဘဲ ပျောက်ဆုံးနေရာက   အခုတလနဲ့ တရက်ပြည့်တဲ့ နေ့ကျမှ ရွှေဘိုထောင်ကို ပို့လိုက်ပြီလို့ မိသားစုဆီ ထောင်အာဏာပိုင်က အကြောင်းကြားလာတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီဗွီဘီသတင်းထောက်တွေအပါအဝင် သတင်းသမား  ၁၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင် အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် ပြန်လည် လွတ်မြောက်လာသူ သတင်းထောက် ၇၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ သတင်းထောက် အယောက် ၃၀ ကတော့ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဓာတ်ပုံသတင်းထောက် တစ်ဦးကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)  စတဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013