DVB Logo
Home
မြန်မာသတင်း
မြစ်မခအကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချ
DVB
·
August 10, 2022
မြစ်မခအကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ခံ မြစ်မခသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းကို ဩဂုတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်က ကိုမျိုးမင်းထွန်း နေထိုင်တဲ့ နေအိမ်မှာ စစ်ကောင်စီတပ်သားတွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းက လာရောက်ဖမ်းဆီးသွားပြီး ၁၀ လအကြာမှာ ခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။  

“ဒီနေ့ နေ့လယ်ပိုင်းက ထောင်တွင်းတရာရုံးမှာ အမိန့်ချတာ။ သူက ကျန်းမာရေးတော့ တော်တော်ကောင်းပါတယ်။ သူကို သတင်းတွေတင်လို့ CDM  တွေနဲ့ စကားပြောလို့ဆိုပြီ ချလိုက်တာ” လို့ ပြောပါတယ်။  

ကိုမျိုးမင်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်အလုပ် မလုပ်တော့ပေမယ့် နေအိမ်မှာရှိနေစဉ် ဖမ်းဆီးတာ ခံခဲ့ရပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ ထောင်ချခံခဲ့ရတာလို့ ဆိုပါတယ်။  

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချခံရတဲ့ သတင်းထောက် ၃ ဦးထိ ရှိလာပြီလို့ ဒေသတွင်း သတင်းသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013