DVB Logo
Home
မြန်မာသတင်း
ရှေ့တန်းပို့ခံရသဖြင့် မြိတ် ခမရ ၅၅၆ က တပ်သားအချို့ ထွက်ပြေး
DVB
·
January 12, 2022
ရှေ့တန်းပို့ခံရသဖြင့် မြိတ် ခမရ ၅၅၆ က တပ်သားအချို့ ထွက်ပြေး
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့နယ် ဇဝဲကျေးရွာအုပ်စုအတွင်း အခြေစိုက်တဲ့ ခြေမြန်တပ်ရင်း ၅၅၆ မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရှေ့တန်းကိုပို့တဲ့နေရာမှာ ထွက်ပြေးတာတွေ ရှိနေတယ်လို့ အဆိုပါတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ရှေ့တန်းမထွက်ချင်လို့ ထွက်ပြေးခဲ့တဲ့ တပ်သားအရေအတွက်စုစုပေါင်း ၁၀ ဦးဝန်းကျင်အထက်ရှိပြီး တပ်သားအချို့ကို ပြန်လည်ဖမ်းဆီးရမိပြီးတဲ့နောက် ဘယ်ကို ခေါ်ဆောင်သွားလဲဆိုတာ မသိရှိရသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ထွက်ပြေးခဲ့တဲ့ တပ်သားတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ခြေမြန်တပ်ရင်း ၅၅၆ မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရှေ့တန်းနေရာတွေဖြစ်တဲ့ ကရင်ပြည်နယ် လေးကေကော်နဲ့ ထားဝယ်ခရိုင် ပုလောမြို့နယ်တစ်ဝိုက်အပြင် တနင်္သာရီမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ပို့ဆောင်နေတာလို့ တပ်နဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အဆိုပါတပ်မှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဇနီးဖြစ်သူတွေကို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တပ်အသီးသီးမှာ အခုလို ထွက်ပြေးမှုတွေ ရှိနေတဲ့အတွက် တပ်တွင်းလုံခြုံရေးကိုလည်း အရင်ကထက်ပိုပြီး တိုးချဲ့ချထားတာတွေရှိပါတယ်။ 

သတင်း - မီယာခ (CJ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013