DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့တွင် စကစတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံများ ထိတ်လန့်
DVB
·
January 12, 2022
နမ့်ခမ်းမြို့တွင် စကစတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံများ ထိတ်လန့်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မွန်းလွဲပိုင်း ၁ နာရီကျော်လောက်က စစ်ကောင်စီတပ်ကနေ မြို့ပြင်ဘက်ကို လက်နက်ကြီးနဲ့ အနည်းဆုံး ၅ ကြိမ် ပစ်ခတ်ခဲ့တာကြောင့်  ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“လက်နက်ကြီးသံက နမ့်ခမ်းအနောက်ဘက် စကစ စစ်သားတွေရှိတဲ့ စခန်းသစ်ကုန်း ဘက်ကနေ လာတာပါ။ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီကြားမှာ ၅ ခါ၊ ၆ ခါလောက်ကြားရတယ်။ နမ့်ခမ်းမြို့ပြင် စယ်လန့်နဲ့ နမ့်ခမ်းကြားက တောင်တန်းတွေဘက် ဦးတည်ပစ်တယ်ထင်တာပဲ။ စယ်ဟိုင်းရွာကနေ အသံအကျယ်ကြီးကြားတယ်။ အဲဒီတောင်ပေါ်ဘက်မှာ ပလောင်စစ်သားတွေရှိတယ်၊ နမ့်ခမ်းမှာ အရင်အပတ်ကပဲ တိုက်ပွဲဖြစ်သွားတော့ လန့်သွားတာပေါ့။”

ဒေသခံ နောက်တစ်ယောက်ကတော့ နမ့်ခမ်းအရှေ့ဘက် ကောင်းဝိုင်းနဲ့ လွယ်လောဝ်ဘက်ကို ပစ်တယ်လို့ ထင်ကြောင်း၊ အသံကြားတော့ အပြင်မထွက်ရဲကြလို့ ဘယ်ဘက်ကိုပစ်လိုက်လဲဆိုတာ အတိအကျမသိရကြောင်းနဲ့ ဒီကနေ့ဟာ TNLA တော်လှန်ရေးနေ့ဖြစ်လို့ သူတို့စစ်ရေးပြတာကို ခြောက်လှန့်တဲ့အနေနဲ့ ပစ်ခတ်တာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းဈေးထဲမှာ ဆက်ကြေးလာကောက်တဲ့ TNLA နှစ်ယောက် ဒီလ ၄ ရက်နေ့မှာ ပစ်သတ်ခံရပြီး ၅ ရက်နေ့မှာ မြို့ထဲအင်အားလာပြတဲ့ TNLA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ  တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံး ၆ ဦးဒဏ်ရာရခဲ့ပြီး TNLA ဘက်က ထိခိုက်ဒဏ်ရာရမှုတော့ မသိပါဘူး။ ရွာထဲလက်နက်ကြီးကျပြီး အိမ်တွေပျက်စီး ရွာသားတွေလည်း ထိခိုက်ဒဏ်ရလို့ အသံကြားတာနဲ့ ထိတ်လန့်နေကြတာဖြစ်ပါတယ်။

TNLA တပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးရတာနဲ့ ပတ်သက်ပြီး နမ့်ခမ်းပြည်သူ တွေပေးဆပ်ရလိမ့်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေလည်း ပြန့်နေတာကြောင့် တဘက်ကလည်း ထိတ်လန့်နေရတယ်လို့ နမ့်ခမ်းဒေသခံကပြောပါတယ်။

နမ့်ခမ်းဈေးကြီးမှာ ဆက်ကြေးကောက်လို့ ဈေးသူဈေးသားတွေ ဈေး ၅ ရက်ပိတ် ဆန္ဒပြပြီး ကတည်းက အခြေအနေမကောင်းလို့  ရက်အတော်ကြာဈေးပိတ်ထားရပါတယ်။ 

ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က ဈေးပြန်ဖွင့်ပေမယ့် ဆိုင်အတော်များများလာမဖွင့်ရဲသေးဘဲ ဈေးဝယ်သူလည်းနည်းပါးကြောင်း ၊ ခါတိုင်းမနက် ၆ နာရီဈေးစည်ပေမယ့် အခုက မနက် ၇ နာရီကျော်မှ ဝယ်သူတွေရောက်လာကာ မွန်းလွဲ ၁ နာရီလောက်ဆို လူစဲသွားပြီး ဆိုင်ပိတ်လိုက်ရတယ်လို့ ဈေးသည်တစ်ဦးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013