DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ပျက်စီး
DVB
·
January 12, 2022
ကလေးမြို့နယ်တွင် လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တာဟန်းရပ်ကွက်နဲ့ ဒိုးဝိုင်းချောင်းကျေးရွာကြား ဇန်နဝါရီ ၁၁ ရက်နေ့ ည ၁၀ နာရီလောက်က လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက  ပစ်ခတ်တယ်လို့ ယူဆရတဲ့ လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်။

လက်နက်ကြီးဟာ တာဟန်းရဲကင်း မူးယစ်စခန်းမှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“တာဟန်းနဲ့ ဒိုးဝိုင်းချောင်းရွာကြားက အိမ်ပေါ်ကိုကျလာတယ်။ ည ၁၀ နာရီလောက်က လူတွေတော့ ထိခိုက်ဒဏ်ရာမရဘူး၊ ဘယ်ကပစ်တာလဲဆိုတာ အဲ့ဒါတော့မသိဘူး။ တာဟန်းစခန်းမှာ စကစတွေက တပ်စွဲထားတဲ့ နေရာက ပစ်တာလို့ ယူဆတယ်။ အရင်ကလည်း သူတို့က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကြဖူးတယ်။ လာပေါက်ကွဲတဲ့ ကျည်ဆန်မှာ 374/15 နဲ့ BA 81 လို့ ပါတယ်။ အဲ့ဒီလက်နက်က စကစကပဲ ကိုင်တာ” လို့ ဒိုးချောင်းကျေးရွာအနီး ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်ရဲ့ အုတ်ခုံတွေ ပြိုကျပျက်စီးပြီး နေအိမ်မှန်နဲ့ အိမ်ခေါင်မိုးတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို တက်တဲ့ ၉ မိုင်ဂိတ်မှာလည်း စစ်ကောင်စီတပ်က အိမ်စီးကားတွေကို တားဆီးစစ်ဆေးတာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်သားတချို့လည်း ချင်းတောင်ပေါ် တက်သွားတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ ည ၈ နာရီလောက်ကတည်း တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နတ်ချောင်းအထက်ပိုင်းမှာရှိတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးမှာ လည်း ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြရာမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။

Photo -ဒေသခံတစ်ဦး ပေးပို့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013