DVB Logo
Home
မြန်မာသတင်း
တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၃၅ ဦးတွေ့ရှိ၊ ၂ ဦးထပ်မံသေဆုံး
DVB
·
January 12, 2022
တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၃၅ ဦးတွေ့ရှိ၊ ၂ ဦးထပ်မံသေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၃၅ ယောက်နဲ့ ကူးစက်ခံရ သူပေါင်း ၅၃၂,၄၀၂ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၅၄၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂၃၅ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁ ဒသမ ၈၇ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ ၁၉၅ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၂ ယောက်နဲ့ စုစုပေါင်းသေဆုံးသူ အရေ အတွက်ကတော့ ၁၉,၂၉၅ ယောက် ရှိနေပါတယ်။

ဒါ့အပြင် အိန္ဒိယက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်မှာ ရောဂါပိုး ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်ည ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားသလို ဇန်နဝါရီ ၇ ရက်နေ့မှာလည်း မြန်မာ နိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်မှာ အိုမီခရွန် ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013