DVB Logo
Home
မြန်မာသတင်း
အင်းလေး PDF ဖွဲ့စည်း၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ခိုက်မည် (ရုပ်သံ)
DVB
·
January 11, 2022
အင်းလေး PDF ဖွဲ့စည်း၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ခိုက်မည် (ရုပ်သံ)
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)ကို ဇန်နဝါရီ ၁၀ ရက်က ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ နည်းလမ်းမျိုးစုံနဲ့ တော်လှန်တိုက်ခိုက်သွားမယ်လို့ ကြေညာပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်နေတဲ့ ရည်ရွယ်ချက်တူတဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို မဟာမိတ်ပြု ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမျိုးဘာသာပေါင်းစုံ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့၊ ပြည်သူလူထုမှ အမှန်တကယ်လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး မရမချင်း တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

တချိန်တည်းမှာပဲ  အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ရဲ့ ဦးဆောင်လမ်းညွှန်မှုကို လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူတွေ ကိုလည်း ကူညီစောင့်ရှောက်ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၄၆၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၁၁,၄၈၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013