DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
January 11, 2022
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ဒေသခံနေအိမ်တွေကို မီးရှိုဖျက်ဆီး လုယက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အောင်သပြေကျောင်းက ထွက်လာတဲ့ စစ်ကောင်တပ်စစ်ကြောင်းကို  ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ဒေသခံပြောက်ကျား အဖွဲ့တွေက မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့ပြပြောက်ကျား ကျားလေး PDF (DRPA)၊ ဗိုလ်မုတ်ဆိတ်ဦးဆောင်တဲ့အဖွဲ့၊ ဒီပဲယင်း ပကဖ နဲ့ တခြားဒေသခံအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဇန်နဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ယင်းမာပင်ခရိုင်စု​ပေါင်းရုံးကို ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ​ဒေသခံ PDF အဖွဲ့​​​က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

​ခရိုင်စု​ပေါင်းရုံးကို ​မ​နေ့ည ၉ နာရီ​ဝန်းကျင်လောက်မှာ ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲတိုက်ခိုက်ခဲ့သလို မိုင်းဆွဲတိုက်ခိုက်ခြင်းအပါဝင် လက်နက်ကြီးတစ်ချို့နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ PDF ​ခေါင်း​ဆောင်တစ်ဦးက ​ပြောပါတယ်။ 

ဒါ့အပြင် စစ်​​ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်​​တွေနဲ့ ပစ်ခတ်တာ​ကြောင့် ​ဒေသခံ PDF အဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှု​​တွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်​​ပေမယ့် PDF အဖွဲ့ဘက်က​တော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ​ပြောပါတယ်။

ယင်းမာပင်ခရိုင်ခရိုင်မှာ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ဆားလင်းကြီး စတဲ့မြို့နယ်တွေ ပါဝင်ပြီး ပြီးခဲ့ရက်ပိုင်းကလည်း ယင်းမာပင်ခရိုင်တရားရုံးကို ​ဒေသခံ PDF  အဖွဲ့​တွေက တိုက်ခိုက်ခဲ့သလို အခြား​နေရာတချို့တွေမှာလည်း တိုက်ခိုက်ခံခဲ့ရတာ​တွေရှိပြီး စစ်​ကောင်စီဘက်က ထိခိုက်ကျဆုံးမှု​ ရှိခဲ့တယ်လို့ သိရပါတယ်။

ကနီမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ အနီးဝန်းကျင်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၀ နေ့ နေလယ်ပိုင်းက ငါဖျတ်တောတိုက်က လူနေအိမ်တစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျနော်တို့ ကနီနယ်ကတော့ အဲရွာတစ်ရွာဘဲ စစ်တပ်ထောက်ခံတဲ့ ရွာလို့ ပြောလို့ရတယ်။ အတော်ဆိုးတဲ့ကောင်တွေပါဗျာ။ ကျနော်တို့ ခိုတွင်းကျေးရွာ၊ ကင်းတောင်ကျေးရွာ၊ သရက်တောကျေးရွာ၊ ငါဖျတ်‌တောတိုက်ကျေးရွာတွေက ပစ္စည်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ နေ့စဉ်လိုလို အနိုင်ကျင့် လုယူခံနေရတယ်။ တစ်ချို့သူတွေဆို ကိုယ့်အိမ်ဆန်အိတ်ကို သူတို့စခန်းချထားတဲ့ထိ ထမ်းအပို့ခိုင်းတာ။ သူတိုမထင်တဲ့အိမ်တွေဆို ဖျတ်ဆီးထာ့းခဲကြတာလို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အခုလို ဒေသခံတွေအပေါ် အနိုင်ကျင့်လုယက်နေတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရေလည်ကျွန်းရွာက စစ်ကောင်စီတွေကို မိုင်းထောင်တိုက်ခိုက်တာတွေ ပြုလုပ်နေကြတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013