DVB Logo
Home
မြန်မာသတင်း
တမူး အုတ်ဖိုကန်ဘောင်အကျဉ်းရဲစခန်း စီးနင်းခံရ၊ ထောင်မှူးအပါ ၄ ဦးထက်မနည်း သေဆုံး
DVB
·
January 11, 2022
တမူး အုတ်ဖိုကန်ဘောင်အကျဉ်းရဲစခန်း စီးနင်းခံရ၊ ထောင်မှူးအပါ ၄ ဦးထက်မနည်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို  ဝင်ရောက်တိုက်ခိုက်ခံရရာမှာ ထောင်မှူးလင်မယားအပါအဝင် ၄ ဦးသေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဘက်က ၂ ဦး ကျဆုံးခဲ့တယ်လို့ PDF- Tamu က သိရပါတယ်။

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁ က အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို ဇန်နဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာမှာ ထောင်မှူး ဦးအောင်ကျော်ဆန်းနဲ့ ဇနီးဖြစ်သူ အပါအဝင် ၄ ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း -၁ က ရဲဘော် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကာ သေနတ် ၃လက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ထောင်မှူးအိမ်ကို ဝင်ရောက်စီးနင်းပြီး ထောင်မှူးကို သေနတ်နဲ့ ထောက်ပြီး လက်အောက်ငယ်သားတွေကို လက်နက်ချပေးဖို့ စည်းရုံးခဲ့တယ်လို့ တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လက်နက်ချပေးဖို့စည်းရုံးတယ်၊ လက်နက်ချပေးပါ ခင်ဗျားတို့ကို ကျနော်တို့ဘာမှမလုပ်ပါဘူး၊ ကျနော်တို့လိုချင်တာရရင် ကျနော်တို့ထွက်သွားပေးမှာပ‌ေလို့ပြောတဲ့အချိန်မှာ ရဲဘော်တွေထွက်လာကြတယ်၊ ထောင်မှူးက မင်းတို့ကို မသေမချင်း လက်နက်မချဘူးလို့ ထအော်တဲ့အချိန်မှာ ထောင်မှူး ကိုပစ်သတ်လိုက်ရတယ်။ ထောင်မှူးကတော်ကလည်း ပစ္စတိုနဲ့ပစ်တဲ့အချိန်မှာ သူ့ကိုလည်း ပစ်သတ်လိုက်ရတယ်။ အဲ့လိုနဲ့ တိုက်ပွဲစဖြစ်တာပါ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ကျေးရွာသားတွေပြောပြချက်အရ နာရေးကားတစ်စီး ရောက်ရှိလာပြီး နောက်ထပ် ၂ စီး ထပ်မံရောက်ရှိလာတာကြောင့် ၄ ယောက်ထက်မက သေဆုံးမှုရှိနိုင်တယ်လို့ ခန့်မှန်းတယ်လို့ ဆိုပါတယ်။

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ပွဲမှာ တစ်ဦးသေဆုံးခဲ့ပြီး အလောင်းမကောက်နိုင်ခဲ့ဘဲ တစ်ယောက်ကတော့ သယ်ဆောင်ရင်းနဲ့  လမ်းတဝက်မှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013