DVB Logo
Home
မြန်မာသတင်း
မတူပီ-ပလက်၀ လမ်းပေါ်က ခမရ ၃၀၄ တပ်ရင်း မိုင်းခွဲတိုက်ခိုက်ခံရ၊ တပ်သား ၃ ဦးသေဆုံး
DVB
·
January 11, 2022
မတူပီ-ပလက်၀ လမ်းပေါ်က ခမရ ၃၀၄ တပ်ရင်း မိုင်းခွဲတိုက်ခိုက်ခံရ၊ တပ်သား ၃ ဦးသေဆုံး
1 / 2
Donate to DVB

ချင်းပြည်နယ် မတူပီမြို့ မတူပီ-ပလက်၀ လမ်းပေါ်က နယ်မြေခံတပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်မှာ CDF မတူပီတပ်ဖွဲ့က  အလစ်ငိုက် မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူ ၁၀ ဦးအတွက် လက်စားချေတုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ CDF မတူပီတပ်ဖွဲ့က ပြောပါတယ်။

မတူပီ-ဟားခါးလမ်း ကီလှုန်းကျေးရွာနဲ့ လုံလှော်ကျေးရွာကြားမှာ ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ CDF မတူပီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ကီလှုန်းကျေးရွာက လုံလှော်ကျေးရွာကိုသွားတဲ့ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီးနောက် လမ်းပြနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုကာ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။

CDF မတူပီ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြေကွဲရပြီး စစ်ကောင်စီတပ်ကျဆုံးတဲ့အထိ တိုက်ပွဲဆက်လက်ဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့နဲ့ ၈ ရက်နေ့ကလည်း ထယ်ဘွေးတပ်စခန်းကို CDF မတူပီတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား  ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013