DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခဘေးဒဏ်သင့် မြန်မာပြည်သူလူထုအတွက် ဒေါ်လာ ၃ ဒသမ ၈ သန်း ဒိန်းမတ်နိုင်ငံ လှူဒါန်း
DVB
·
January 10, 2022
ပဋိပက္ခဘေးဒဏ်သင့် မြန်မာပြည်သူလူထုအတွက် ဒေါ်လာ ၃ ဒသမ ၈ သန်း ဒိန်းမတ်နိုင်ငံ လှူဒါန်း
Donate to DVB

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ထိခိုက်ခံစားရတဲ့ ပြည်သူလူထုတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဒိန်းမတ်နိုင်ငံက ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) လှူဒါန်းကူညီလိုက်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးနဲ့ ဒိန်းမတ်သံရုံးတို့က ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ 

ဒီအလှူငွေတွေဟာ ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှာ ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ လောက်အတွက်  စားနပ်ရိက္ခာထောက်ပံ့ပေးဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( WFP)ကတဆင့် ပေးအပ်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲ Mr Anders Graugaard က "မြန်မာနိုင်ငံက ပြည်သူတွေအကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် လူမှုစီးပွားအကျိုးသက်ရောက်မှုအပြင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အများအပြားလိုအပ်နေတာဖြစ်ပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က  “ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့ ဘဏ္ဍာငွေပံ့ပိုးကူညီမှုဟာ အခုလို လိုအပ်ချက်တွေ မြင့်တက်လာတဲ့အခိုက် အချိန်ကိုက်ရောက်ရှိလာတဲ့အတွက် WFP ရဲ့ မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်”လို့ ပြောပါတယ်။

WFP အနေနဲ့ အလိုအပ်ဆုံးသောလူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ တိုက်ရိုက်ရောက်ရှိအောင် ရပ်ရွာလူမှုအသိုက်အဝန်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေအပြင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

အခု ၂၀၂၂ ခုနှစ်အတွင်း မြန်မာပြည်တွင်းက လိုအပ်သူတွေကို အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရန်ဖို့ ဆန်၊ ပဲ၊ ဆီ၊ ဆားနဲ့ တခြား အခြေခံစားသောက်ကုန်ပစ္စည်းတွေ ဒါမှမဟုတ် အခြေခံစားသောက်ကုန်တွေ ဒေသတွင်းစျေးဆိုင်တွေမှာ ဝယ်နိုင်မယ့်  ငွေသားအထောက်အပံ့ကို ရရှိကြမယ်လို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

WFP ဟာ သွား‌ရောက်ရန်ခက်ခဲတဲ့  ချင်းပြည်နယ် မင်းတပ်မြို့နဲ့ မကွေးတိုင်း ကျောက်ထုမြို့နယ်တို့ရှိ  နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က  လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလော မြန်မာပြည်တွင်း တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာလည်း  သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ  အရေးပေါ် အကူအညီတွေ လုပ်နေပါတယ်။ 

Photo-UN Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013