DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေး သူရဲကောင်းမလေးများအတွက် ပိုင်ဖြိုးသုရဲ့ လက်ဆောင် (ရုပ်သံ)
DVB
·
January 10, 2022
တော်လှန်ရေး သူရဲကောင်းမလေးများအတွက် ပိုင်ဖြိုးသုရဲ့ လက်ဆောင် (ရုပ်သံ)
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာက ပါဝင်နေကြတဲ့ သူရဲကောင်းအမျိုးသမီးတွေ အတွက် အကယ်ဒမီမင်းသမီး ပိုင်ဖြိုးသုကိုယ်တိုင်ထိုးထားတဲ့ Crochet cardigan လေးနဲ့ ခေါင်းစီးကြိုးလေးကို ပေးခဲ့ပါတယ်။

မင်းသမီး ပိုင်ဖြိုးသုက “ဘဝမှာ သူများကိုပေးဖူးသမျှလက်ဆောင်တွေထဲမှာ အကြည်နူးရဆုံးလက်ဆောင်လေး Crochet cardigan လေးနဲ့ ခေါင်းစီးကြိုးလေး ထိုးပြီးတော့ ရာသီဥတု စအေးလာတဲ့ အချိန်မှာ မြေပြင်က သူရဲကောင်းညီမလေးတွေကို လက်‌ဆောင်ပေးချင်လို့ ဆရာဖြိုးသီဟ Phio Thiha  ကို အကူညီတောင်းပြီး November လကုန်လောက်ကတည်းက အဆင့်ဆင့် ကြိုးစားပြီးပို့ခဲ့ရတာ အခု ရောက်သွားပါပြီ ”လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။ 

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းမလေးတွေကို Cardigan မဲဖောက်ပေးတဲ့ ပုံရိပ်တွေကို မြင်တွေ့ရပြီး ပိုင်ဖြိုးသုကတော့ အားလုံးကို ထိုးပေးချင်ပေမယ့် တစ်ထည်ထိုးဖို့ ၃ ပတ်လောက် အချိန်ယူရကြောင်းနဲ့ ရောက်အောင်ပို့ပေးရတဲ့ လမ်းခရီး အခက်ခဲတွေကြောင့် တစ်ယောက်ပဲ ပေးခွင့်ရလိုက်တာကို နားလည်ပေးဖို့နဲ့ ဘေးကင်းကျန်းမာအောင် နေပေးကြဖို့ ဆုတောင်းစကား ပါးထားခဲ့တာပါ။

“မဲနှိုက်ရင်း သူတို့တွေ ပျော်နေကြတာမြင်‌တော့ ကိုယ်တွေအတွက် အများကြီးစွန့်လွှတ် အနစ်နာ ခံပေးနေသူလေးတွေကို ခဏတာပျော်သွားစေတဲ့အတွက် အရမ်းကိုကြည်နူးမိပါတယ်”လို့ ပိုင်ဖြိုးသုက ရေးထားပါတယ်။

သုသုလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ပိုင်ဖြိုးသုဟာ ဆရာဝန်တဦးလည်းဖြစ်ကာ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အမှန်တရားဘက်က မားမားမတ်မတ် ပါဝင်ခဲ့တာကြောင့်  ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013