DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်အမြောက်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး၊ စစ်ရှောင်များ ထပ်မံထွက်ပြေး
DVB
·
January 10, 2022
လွိုင်ကော်အမြောက်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး၊ စစ်ရှောင်များ ထပ်မံထွက်ပြေး
1 / 4
Donate to DVB

ကယားပြည်နယ်၊ လွိုင်​ကော်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က ဇန်နဝါရီ ၉ ရက်ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက်နေ  အသက် ၅၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။

ဒီး​မော့ဆိုမြို့နယ်၊ ​​ဒေါငံခါးရပ်ကွက်​မှာလည်း ပြည်သူပိုင်အိမ်တလုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မနေ့ညက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့်  ဒီးမော့ဆိုမြို့နယ်တဝိုက် စစ်ဘေးရှောင်ရှိရာ နေရာဒေသမှာ လက်နက်ကျည်ကျတဲ့အတွက် လတ်လော ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေဟာ နေရာ ထပ်မံ ပြောင်းရွှေ့နေကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီရွေ့ပြောင်းပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

ပရဟိတသမား မရိုစလင်းအိအိက“ကျမတို့ ဒီအနောက်ခြမ်းမှာ သူတို့ လက်နက်ကြီးနဲ့ ပစ်နေတာ။ စစ်ရှောင်အကုန်လုံးက ကျမတို့ camp ပဲမဟုတ်ဘူး၊  camp အကုန်လုံးက ပြန်ရွှေ့ရတယ်။ အဓိကကတော့ လွိုင်ကော်ကနေ ရှောင်လာတဲ့လူပေါ့။ လွိုင်ကော်ကနေ  ရှောင်လာတဲ့သူက ဒီမှာ သုံးရက် လေးရက်ပဲ နေရသေးတယ်။ အခုတခါ ထပ်ရှောင်ရတဲ့အနေအထားမျိုးပေါ့။ ”

လက်ရှိမှာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်နေပြီး သူတို့အတွက် နေရေးထိုင်ရေးနဲ့ စားဝတ်နေရေးက  အခက်အခဲဖြစ်နေတယ်လို့ မရိုစလင်းအိအိက ပြောပါတယ်။

“အခုဆိုရင် ကျမတို့ လွိုင်ကော်ဘက်ခြမ်းက လူတွေ ဒီဘက်ကိုရောက် ခက်ခက်ခဲခဲ ကယ်ထုတ်ရတယ်၊ ခေါ်ထုတ်ရတယ်ပေါ့၊ သူတို့အတွက်စားရေးနေရေးကိုလည်း ကျမတို့ စီစဉ်ရတာပေါ့နော်။ အခုတခါ ဒီအုပ်စုကို ကျမတို့ တခါ ပြန်ရွှေ့ရတယ်ဆိုတော့ အစက ပြန်ရွှေ့ရတာပေါ့နော်။ အခုဆိုရင်လည်း ကျမတို့ ဒီအနောက်ခြမ်းမှာ ဓာတ်ဆီ ပြတ်တောက်တဲ့ ကိစ္စမျိုးတွေလည်း ဖြစ်လာပြီး စစ်ရှောင်တွေအတွက်လည်း အခက်အခဲ ရှိလာတယ်ပေါ့နော်။ အခု တချို့ စစ်ရှောင်တွေလည်း ကားစောင့်နေရတာတို့၊ ဆီပြတ်နေလို့ အဲလို ဖြစ်နေတယ်ပေါ့။ ”

ဒါ့အပြင် လွိုင်ကော်မြို့တွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေအ များစုက မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ဒီလိုထွက်ပြေးနေတဲ့နေရာမှာ တချို့စစ်ရှောင်တွေ လည်း အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

“လွိုင်ကော်မြို့က ထွက်သွားကြတဲ့ဟာကို လမ်းမှာ စစ်ကောင်စီက အနှောင့်အယှက်ပေးတာမျိုး တွေရှိတာပေါ့နော်။ ပြီးတော့ဒီ တခြားမြို့နယ်တွေရဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေကိုလည်း ကရင်နီပြည်နယ်သား စစ်ရှောင်တွေ လက်မခံဖို့ လိုက်ပြီးဆော်ဩနေတာရှိတယ်”လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ မရိုစလင်းအိအိက ပြောပါတယ်။

​လွိုင်ကော်မြို့ပေါ်က ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတော်များများ မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်နေကြရပြီး တချို့ကတော့  ညောင်ရွှေဘက်နဲ့ တောင်ကြီးမြို့ကို သွားရောက်ခိုလှုံတာ ရှိနေပါတယ်။ 

ဇန်နဝါရီလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လွိုင်ကော်မြို့က ပြည် ၆ ဦး သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013