DVB Logo
Home
မြန်မာသတင်း
တရက်တည်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ၄ ဦး အရှင်ဖမ်းမိဟု NUG ထုတ်ပြန်
DVB
·
January 10, 2022
တရက်တည်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ၄ ဦး အရှင်ဖမ်းမိဟု NUG ထုတ်ပြန်
Donate to DVB

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း ဇန်နဝါရီ ၉ ရက် မနေ့က တရက်တည်းမှာတင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၂ ယောက် သေဆုံးခဲ့ပြီး အရှင်ဖမ်းမိသူ ၄ ယောက်ရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုပြီးတော့ များနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူအရေအတွက်ကတော့ ၃၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးတိုက် ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိ ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ၁ ကြိမ်စီ၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ၂ ကြိမ်စီနဲ့ စစ်ကိုင်းတိုင်းမှာ ၈ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

မနေ့ညက ယင်းမာပင်ခရိုင်မှာ စစ်အာဏာရှင်ဆန့်ကျင် လူထုလှုပ်ရှားမှုကို လူအင်အား ထောင်ချီတဲ့ ပြုလုပ်နိုင်ခဲ့ပြီး ဆန္ဒပြပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း လုံခြုံရေး ယူပေးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013