
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာမှာ ဇန်နဝါရီ ၉ ရက်မနက် ၈ နာရီလောက်က လယ်ထဲသွားရင် မိုင်းနင်းပေါက်ကွဲတာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ပေါက်ပင်ကျေးရွာသားတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက Mytel တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်ထောင်ဖောက်ခွဲတာကြောင့် စစ်ကောင်စီတပ်တွေဟာ Mytel တာဝါတိုင်တွေ အနီး ကြိုတင်မိုင်းထောင်ခဲ့တယ်လို့ ဆိုပါတယ်။
“မနက်ခင်းအစောကြီးပဲဗျ။ အချိန်ကတော့ ၈ နာရီလောက်ဖြစ်မယ်။ သေဆုံးသွာတာက ကျနော်တို့ ရွာက ဥက္ကဋ္ဌဟောင်း ဦးမြင့်ဦးရဲ့အဖေ ဦးကျော်သိန်းဆိုသူပါဗျ။ အသက်ကလည်း ၇၅ ဆိုတော့ အမြင်အရုံတွေ မကောင်းလို့ အခုလို နင်းမိတာဖြစ်မယ်” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
မိုင်တဲတာဝါတိုင် ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီက မိုင်းထောင်ထားတာကြောင့် ဒေသခံ တစ်ဦး အခုလို အသက်ဆုံးရှုံးရတာလို့ ဒေသခံပြည်သူ့ကာကွယ်တပ်တွေက ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ Mytel တိုင်ဟာ ကြာပိုင်ကျေးရွာနဲ့ ပေါက်ပင်ကျေးရွာကြားက ဆက်သွယ်ရေး တာဝါတိုင်လည်း ဖြစ်ပါတယ်။