
ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်မြို့ ပေါ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၈ ရက် နေ့မှာ တိုက်လေယာဥ်နဲ့ရော ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ဒီနေ့ မွန်းလွဲ ၃ နာရီလောက်က စတင်ပြီး လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံမျက်မြင်သက်သေက ပြောပါတယ်။
ဇန်နဝါရီ ၆ ရက်က စတင်ပြီး လွိုင်ကော် မိုင်းလုံးရပ်ကွက်မှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မနေ့က တိုက်ပွဲပြင်းထန်လာလို့ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မနေ့ကတိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံးခဲ့ရပြီး ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါဘူး။