
အမေရိကန်ရဲက စနေနေ့မှာ အင်ဒရူးနဲ့ ထရစ်စတန်တိတ် ညီအစ်ကို ၂ ယောက်ကို ဖမ်းဆီးပြီးနောက် အင်္ဂလန်တောင်ပိုင်း ဘက်ဖို့ဒ်မြို့ ရဲတပ်ဖွဲ့ကလည်း ဒီ ညီအစ်ကို ၂ ယောက်အပေါ် စွဲချက်အသစ် ၃၈ ခုကို ဇူလိုင် ၁၉ ရက်မှာ ကြေညာလိုက်ပါတယ်။
တိတ်ညီအစ်ကိုတွေဟာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လကနေ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး ဗြိတိန်မှာ စွဲချက်တွေနဲ့ ရင်ဆိုင်ရမှာပါ။
ယူကေရဲ့ Crown Prosecution Service (CPS) က အင်ဒရူးကို မုဒိမ်းမှု ၇ မှုအပြင် လိင်ကုန်ကူးမှု၊ ကလေးတယောက်ရဲ့ ညစ်ညမ်းဓာတ်ပုံတွေနဲ့ပတ်သက်တဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။
ထရစ်စတန်ရဲ့ စွဲချက်တွေထဲမှာ မုဒိမ်းမှု ၂ ခု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအတွက် လူကုန်ကူးမှုကို စီစဉ်မှု ဒါမှမဟုတ် လွယ်ကူချောမွေ့အောင် လုပ်မှု စွဲချက် ၃ ခု ပါဝင်ပါတယ်။ ညီအစ်ကိုတွေအပေါ် စွဲချက်စုစုပေါင်းဟာ အခုတော့ ၅၉ ခုဖြစ်နေပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားကတ် ၂ မျိုးကို ကိုင်ဆောင်ထားတဲ့ တိတ်ညီအစ်ကိုတွေက ဘယ်လို အမှားအယွင်းမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
Source: Reuters











