DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီလိုအပ်
DVB
·
January 7, 2022
ကရင်နီပြည်စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီလိုအပ်
Donate to DVB

လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီးလိုအပ်နေပြီး ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့် ရှောက်ရေးကွန်ရက်ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေပိုမို များပြားလာနေပြီး လက်ရှိမှာတော့ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ မိုးကာ၊ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ မနက် ၇ နာရီလောက်စပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့တာပါ။

လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းနဲ့ ရွာတန်းရှည်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

လူဦးရေက သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေ ၁ သိန်းခွဲ ကျော်က စစ်ဘေးရှောင်နေကြရသလို လက်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့ကပါ  စစ် ရှောင်နေရတဲ့အတွက် ကယားပြည်နယ်မှာ ဘေးကင်းလုံခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားနဲ့ ရင်ဆိုင်နေပါတယ်။

ကယားပြည်နယ် တပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လုံ ခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားမှာ နိုင်ငံတကာအနေနဲ့ Save Zone တခု သတ်မှတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့လည်း ကေအန်ပီပီ အထွေထွေအတွင်း ရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောထားပါတယ်။

၂၀၂၂ ခု ဇန်နဝါရီ ၁ ရက်မှ ဒီကနေ့အထိ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့က ဇန်နဝါရီ ၆ ရက်နေ့ လွိုင်ကော် မြို့ပေါ်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက်နေပြည်သူ ၃၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် အခြေပြု လက်နက် ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KDF၊ KNDF၊ GZ-21 Loikaw တပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ ပေါ်အထိ တိုက်ပွဲတွေပြင်းထန်လာနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013