DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က နတ်ချောင်ကျေးရွာပြည်သူ အနည်းဆုံး ၈ ဦးကို အကြောင်းမဲ့ပစ်သတ်
DVB
·
January 7, 2022
စစ်ကောင်စီတပ်က နတ်ချောင်ကျေးရွာပြည်သူ အနည်းဆုံး ၈ ဦးကို အကြောင်းမဲ့ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၆ရက်နေ့ ညပိုင်းမှာ ဝင်ရောက်လာပြီး မြင်မြင်သမျှကို ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အနည်းဆုံး ပြည်သူ ၈ ဦး သေဆုံးခဲ့တယ်လို့ နတ်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

အခြေအနေ တည်ငြိမ်ပြီလို့ ထင်မှတ်ပြီး ကျေးရွာအတွင်း  နေထိုင်ဖို့ ပြန်ဝင်လာတဲ့ ပြည်သူတွေကို တွေ့ရာနေရာမှာ စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ 

နတ်ချောင်းကျေးရွာ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်တာကြောင့်  မိမိတို့နေအိမ်တွေ အခြေအနေတွေကို  ကျေးရွာအတွင်းပြန်လည်ဝင်ရောက်ကြည့်ရှုစဉ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ပြီး ဆိုင်ကယ်တစ်စီးကိုလည်း  မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာအတွင်းက ရန်ကင်းဘုန်းတော်ကြီးကျောင်းမှာ ခိုအောင်းနေထိုင်ကြပြီး အရပ်ဝတ်များ ဝတ်ဆင်ထားတယ်လို့ သိရပါတယ်။

“အရပ်ဝတ်တွေ ဝတ်ထားကြတယ်၊ ရွာထဲပြန်ဝင်တဲ့သူတွေကလည်း သူတို့မရှိတော့ဘူးထင်လို့ ပြန်ဝင်ကြတာ။ အရပ်ဝတ်နဲ့စစ်သားတွေကို မရှိဘူးပဲထင်တာ၊ တောထဲမှာ နေရတာကြာပြီလေ၊ နေရတာဒုက္ခများတော့ ခဏပြန်ဝင်လာကြတာကို သူတို့က အကုန်ပစ်သတ်တယ်။ အရပ်ဝတ်နဲ့ ပေမယ့် ကျည်ကတ်တွေတော့ သူတို့ဆီမှာ ပါတယ်။ လမ်းကြားတွေထဲထိ လိုက်ပစ်သတ်တယ်။ ပစ်ခံရတဲ့သူ တော်တော်များပါတယ်။ ၁၀ ဦးမကဘူး ရှိလောက်မယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း “နတ်ချောင်ကျေးရွာသို့ စစ်(-) တစ်စုဝင်ရောက်လာကာ သာမန်ပြည်သူများကို တွေ့ရာနေရာမှာ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ သေဆုံးသူစာရင်းတိကျစွာ မသိရှိရသေးပါ။ ရှစ်ဦးအနည်းဆုံးရှိမယ်လို့ သတင်းရရှိထားပါသည်။ (-) မျိုးတွေ လုပ်ထားကြအုံးပေ့ါကွာ၊ ငါတို့ ပြည်သူတွေ အလှည့်ရောက်ရင်လည်း ခံနိုင်ရည်ရှိပါစေ အလှည့်ကျ မနွဲ့ကြစတမ်းပေါ့”လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ကလေးမြို့နယ် ချောင်းခွကျေးရွာမှာ စစ်ကောင်စီတပ်က ဝင်ရောက်အခြေချနေပြီး အမှတ် ၄ ရပ်ကွက် ဘုရားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ပြည်သူပိုင်မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်နေခဲ့ကြတာလို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းကလည်း ကျေးရွာအတွင်း ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွကျေးရွာနဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလ မြို့အနီးမှာလည်း စစ်ကောင်စီ နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013