DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်တပ်ကပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၁၄၄၃ ဦးထိရှိလာ
DVB
·
January 7, 2022
အာဏာသိမ်းစစ်တပ်ကပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၁၄၄၃ ဦးထိရှိလာ
Donate to DVB

မတရားအာဏာသိမ်းကာလ ၁၁ လကျော်အကြာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၁၄၄၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၄၁၇ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅၂၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ဦးအနက် မျက်ကွယ်သေ ဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ည ပိုင်းက ဖမ်းဆီးခံခဲ့ရသူ ၄ ယောက်ထဲက တယောက်ဖြစ်တဲ့ ကိုကျော်သူရဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် ကျဆုံးသွားခဲ့ပါတယ်။ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းမှာ ကိုကျော်သူရရဲ့ ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ အာဏာသိမ်းစစ်အုပ်စုက မိသားစုဆီ အကြောင်းကြားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီး တောကျေးရွာနဲ့ အနီးဝန်းကျင်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ရဟတ်ယာဉ်အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၂ ယောက်ဖြစ်ကြတဲ့ ကိုဇော်မျိုးနောင်နဲ့ ဦးဆန်းခိုင်တို့ဟာ ကျ ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013