DVB Logo
Home
မြန်မာသတင်း
The Voice သတင်းထောက်ကို ၁၀ လ ကျော်ကြာ ရုံးထုတ်စစ်ဆေးမှုမရှိသဖြင့် မိသားစုက စိုးရိမ်နေ
DVB
·
January 6, 2022
The Voice  သတင်းထောက်ကို ၁၀ လ ကျော်ကြာ ရုံးထုတ်စစ်ဆေးမှုမရှိသဖြင့် မိသားစုက စိုးရိမ်နေ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်နေ The Voice ဂျာနယ် သတင်းထောက် တယောက်ကို  စစ်ကောင်စီက အင်းစိန်ထောင်မှာ ၁၀ လကျော်ကြာ ဖမ်းဆီးထားပြီး  ရုံးထုတ်စစ်ဆေးတာမရှိလို့  မိသားစုက စိုးရိမ်ပူပန်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲတွေဖြစ်ပွားနေချိန်   ၂၀၂၁ ခု မတ်လ ၁၆ ရက်နေ့က ဥက္ကံမြို့မှာ ညဘက် မီးလန့် ဥဩသံကြားလို့ ဆိုင်ကယ်နဲ့ သတင်းရိုက်ကူးဖို့အတွက် သွားစဥ် သတင်းထောက်  ကိုမင်းမင်းအောင်ကို စစ်အုပ်စုက  ဖမ်းဆီးခဲ့တာပါ။

သူကို မီးရှို့တဲ့အထဲမှာပါတယ်လို့ စွပ်စွဲပြီး  လမ်းဘေး ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်နှက်ပြီးထားတာ ကို မိသားစုဝင်တွေ ကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“အဲဒီအချိန်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေတယောက်မှမတွေ့ဘဲ တိုင်းရင်းသားညီညွတ်ရေးပါတီ(တစည) က လူတွေပဲတွေ့ရပါတယ်။ ပြီးတော့ သူ့ကို အဲ့ဒီ (တစည) ပါတီဝင်ရဲ့ အိမ်မှာပဲ ပြောင်းပြီးချုပ်နှောင်ထားပြီးမှ နောက်အင်းစိန်ထောင်ကို ပို့လိုက်တာ” လို့ သူ့မိတ်ဆွေတယောက်က ပြောပါတယ်။

အဲ့ဒိနောက် (တစည) ပါတီဝင် ဦးမြင့်သိန်းက တရားလိုပြုလုပ်ပြီး၊ ကိုမင်းမင်းအောင်အပါ လူ ၆ ဦးကို မီးရှို့မှု၊ ထိခိုက်နာကျင်စေမှု ပုဒ်မ ၄၃၆၊ (၃၃၆/၃၄) (၃၄၁/၃၂၃) တွေနဲ့ တရားစွဲဆိုထားပြီး စစွဲဆိုစဉ်က ပုဒ်မ ၅၀၅(က) ပါပေမဲ့ နောက်တော့ ၅၀၅(က)ကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီညက သူ့ကိုဖမ်းဆီးလိုက်ပြီဆိုတာ သတင်းကြားတဲ့အတွက် သူ့အမျိုးသမီးက အခင်းဖြစ်ပွားရာ နေရာကို လိုက်သွားတာခဲ့ရာမှာ ညမထွက်ရအမိန့်ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်မှာ ၁ လ အဖမ်းခံခဲ့ရပါတယ်။

အခု ကိုမင်းမင်းအောင်ကို ထောင်ဝင်စာလည်း တွေ့ခွင့်မရ၊ ရုံးထုတ်စစ်ဆေးတာလည်း မရှိတာ ၁၀ ကျော်ကြာလာတဲ့အတွက် မိသားစုက  စိုးရိမ်နေကြတာပါ။

ကိုမင်းမင်းအောင်အလုပ်လုပ်တဲ့ The Voice သတင်းစာကလည်း ရပ်တံ့လိုက်ရတာကြောင့် မိသားစုဝင်ငွေမရှိဘဲ အခက်အခဲကြုံနေတယ်လို့ ကိုမင်းမင်းရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013