DVB Logo
Home
မြန်မာသတင်း
ရှားတောမြို့နယ်တိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူး ၁ ဦးအပါအဝင် ၁၆ ဦးထက်မနည်း သေဆုံး
DVB
·
January 5, 2022
ရှားတောမြို့နယ်တိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူး ၁ ဦးအပါအဝင် ၁၆ ဦးထက်မနည်း သေဆုံး
Donate to DVB

ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) တို့ ဇန်နဝါရီ ၄ ရက်နေ့ မွန်လွဲပိုင်းက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း ကရင်နီတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အင်အား ၃၀၀ ကျော် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ မနေ့မွန်းလွဲ ၁ နာရီအချိန် ပွန်ချောင်းရွာကော်ပြီး စစ်ဝန်တောင်အတက်လမ်းမကြီးမှာ ကရင်နီတပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ၂ နာရီဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦးထက်မနည်း သေဆုံးက အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့တာလို့ ဆိုပါတယ်။ 

'စကစ ဘက်မှ ဒုရင်းမှူးအဆင့်ရှိ ကျော်သူစိုး အပါအဝင်.. အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကျော်သူစိုးကို BGF ၁၀၀၄ စခန်း (စစ်ဝန်တောင်စခန်း) မှာထားခဲ့ပြီး ထို BGF တပ်ဖွဲ့ဝင်များကို.. လက်နက်မပါ လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းမည်ဟု သတင်းရရှိကြောင်း' ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲအတွက် ကရင်နီတပ်မတော်ဘက်က တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းတလျှောက် လက်နက်ကြီးပစ်ပြီး လမ်းရှင်းတာတွေအပြင် ဘူဒိုဇာနဲ ဘက်ဟိုးယာဉ်တွေကို အသုံးပြီးလည်း လမ်းတွေ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ရောက်ရှိတဲ့ ကျေးရွာမှာ ညအိပ်တပ်စွဲပြီး ပြည်သူတွေရဲ့ အိုးအိမ်၊ ဆိုင်ခန်းတွေကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူတဲ့အပြင် အိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် BGF အသွင်ပြောင်းထားတဲ့ ကလလတ တပ်ဖွဲ့ဝင်ကိုလည်း အကြပ်ကိုင်ကာ လမ်းပြခိုင်းသလို ရှေ့သွားပွိုင့်အနေနဲ့ စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်နီတပ်မတော်နဲ့ ကရင်နီပြည်သူ့ကာကွယ်တပ်မတော် (KNDF) တို့ ပူးပေါင်းပြီး ခုခံတွန်းလှန်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ဒီတိုက်ပွဲကြောင့်လည်း အဲဒီအနီးအနားက ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ပြီးခဲ့ပတ်အတွင်းမှာလည်း ရှားတောနဲ့ လွိုင်ကော်ကားလမ်းမကြီးဘေးက ပါလောင်းကျေးရွာအနီးမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ကျေးရွာအနီးအနား ဒေသခံတွေအားလုံး စစ်ဘေးရှောင်နေခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013