DVB Logo
Home
မြန်မာသတင်း
ဖရူဆိုနှင့်မြောင်မြို့နယ်မှ ၃၇ ဦးအပါအဝင် စစ်တပ်ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၃၅ ဦးရှိလာ
DVB
·
January 5, 2022
ဖရူဆိုနှင့်မြောင်မြို့နယ်မှ ၃၇ ဦးအပါအဝင် စစ်တပ်ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၃၅ ဦးရှိလာ
Donate to DVB

အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တို့မှ အပြစ်မဲ့ကျဆုံးပြည်သူ ၃၇ ယောက်အပါအဝင် စုစုပေါင်း ကျဆုံးပြည်သူ ၁၄၃၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၃၈၅ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၅၀၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ်သေ ဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီ ထက်ကို ရဲတရားရုံးက ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခု နှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်းနဲ့ သူ့ကို နေပြည်တော် အ ချုပ်ထောင်ကနေ ရမည်းသင်းအကျဉ်းထောင်ဆီ လွှဲပြောင်းခဲ့ကြောင်း သိရှိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းအခြေစိုက် သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ် မမြဝန်းရံ ကို တောင်လေးလုံးအကျဉ်းထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ဒီဇင်ဘာ ၃၀ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ မမြဝန်းရံဟာ  ဇူ လိုင်လ ၂၀ ရက်ညနေပိုင်းမှာ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ် သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013