DVB Logo
Home
မြန်မာသတင်း
ထိုင်းစစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်သွားသည့် အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်ဆန်စ ထိမှန်သေဆုံး
DVB
·
January 4, 2022
ထိုင်းစစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်သွားသည့် အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်ဆန်စ ထိမှန်သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသ ဖလူးကြီးကျေးရွာမှာ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်က  စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်စ ထိမှန်ပြီး  စစ်ဘေးရှောင် အမျိုးသမီးတယောက်  သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ညနေ ၄ နာရီလောက်က  ထိုင်းနိုင်ငံ စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန်လာခဲ့တဲ့ အသက် ၄၀ နှစ်အရွယ် ဒေသခံအမျိုးသမီးဟာ နေအိမ်မှာနေထိုင်နေစဉ် စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်အစအနတ ထိမှန်ပြီး သေဆုံးခဲ့တာပါ။

လေးကေ့ကော်မြို့သစ် စခန်းတာဝန်ရှိသူတစ်ဦးက "သူအိမ်မှာ ထိမှန်တာ။ စကစက လက်နက်ကြီးနဲ့ကော လက်နက်ငယ်ကောပစ်တာ။ အခုက ဒေသခံတွေကို နေရပ်ပြန်လို့ရပြီဆိုပြီးတော့  တချို့လည်းပြန်ကြတယ်။ မအေးချမ်းသေးရင် မပြန်တာအကောင်းဆုံးပဲ။ ကျနော်တို့ဘက်က ပြန်သင့်ပြီးဆိုမှ ပြန်စေချင်တယ်။ ဘယ်ဟာမှ အသက်လောက်အရေးမကြီးဘူး”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့်အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်က ထိုင်းနိုင်ငံရှိ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ပြီး ဒေသခံတွေနဲ့တွေ့ဆုံကာ နယ်မြေတည်ငြိမ်ပြီးဖြစ်လို့ နေရပ်ပြန်လည်နေထိုင်လို့ ရပြီးဖြစ်ကြောင်း လာရောက်စည်းရုံးခေါ်ဆောင်ခဲ့တဲ့အတွက် ဒေသခံတချို့ နေရပ်ပြန်လည်နေထိုင်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်

အလားတူ စစ်ကောင်စီကလည်း ဒုက္ခသည်တွေကို ပြန်လာကြဖို့နဲ့ ပြန်လာသူတွေကို ကြိုဆိုဖိတ် ခေါ်နေတယ်ဆိုပြီး ဝါဒဖြန့်သတင်းတွေ ထုတ်လွှင့်နေပါတယ်။  

နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသမှာ ပြန်လည်နေထိုင်ဖို့ လာရောက်စည်းရုံးခေါ်ဆောင်ခဲ့တဲ့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုပြီး လူထုရဲ့ အသက်အိုးအိမ်စည်စိမ်ကို တန်ဖိုးထားတယ်ဆိုရင် ကတိစကားကို လွယ်လွယ်မပေးဖို့နဲ့  ပေးပြီးသား ကတိကို အကောင်းအထည်ဖော်နိုင်အောင် ကကြိုးစားဖို့လိုတယ်လို့ လေးကေ့ကော်မြို့သစ် စခန်း တာဝန်ရှိသူက ဆိုပါတယ်။

လေးကေ့ကော် ဒေသက ကျေးရွာတွေမှာ စစ်ဘေးရှောင်ထွက်ပြေးသွားကြတဲ့ ကျေးရွာသားတွေ ပိုင်ဆိုင်တဲ့ အဖိုးတန် ပစ္စည်းတွေ၊ ဆိုင်ကယ်တွေနဲ့ ကားတွေကို စစ်ကောင်စီတပ်က ခိုးယူတာ၊ နေအိမ်တွေကို ဖျက်ဆီးတာရှိသလို ပြန်လာသူတွေကိုလည်း ခြိမ်းခြောက် စစ်ဆေးနေတာရှိတယ်လို့ နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။။  

ဒီဇင်ဘာလ ၁၅ ရက်ကစတင်ပြီး လေးကေ့ကော်ဒေသမှာ စစ်ကောင်စီရဲ့တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီရဲ့ တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေအပြင် လေကြောင်းကပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အခု ပစ်ခတ်မှုအပါအဝင်  ‌၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သလို ဒေသခံ ၅၀၀၀ နီးပါးဟာ ထိုင်းနိုင်ငံဘက်မှာ စစ်ရှောင်ခိုလှုံနေရပါတယ်။

ဒီကနေ့ လွတ်လပ်ရေးနေ့ မနက်ပိုင်းမှာလည်း လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပတ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013