DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဒရုန်းကြောင့် လေးကေ့ကော်စခန်းက စစ်ရှောင်အမျိုးသမီး သေဆုံး
DVB
·
March 14, 2026
စစ်တပ်ဒရုန်းကြောင့် လေးကေ့ကော်စခန်းက စစ်ရှောင်အမျိုးသမီး သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးက  လေးကေ့ကော် (ပလောတပို့) စစ်ရှောင်စခန်းကို မတ် ၁၄ ရက်နေ့  မနက် ၁၀ နာရီခွဲလောက်မှာ စစ်တပ်က အသေခံ ဒရုန်း ၄ စင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်အမျိုးသမီး ၁ ယောက် သေဆုံး ခဲ့တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကစပြီး စစ်ရှောင်စခန်းအနီးကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အသေခံဒရုန်း ၄ စင်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “လက်နက်ကြီးတွေ ကျနေတာ မနက်တည်းက။ မနက် ၁၀ နာရီခွဲ ကျော်ကျော်မှာ ကာမီကာဇေ ၄ စီးလုံး လွတ်ထွက်လာတယ်။  ၂ စီးက အထဲက ဆေးခန်းနားကျတာ။ သေတာက စစ်ရှောင်အမျိုးသမီး တယောက်သေတယ်။ ထိတာက ၂ ယောက် ထိတာ။ ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စတားလင့်နဲ့ ဆက်သွယ်ရေးစက်တွေလည်း ထိခိုက်ပျက်စီးခဲ့တာကြောင့် ဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က မြဝတီမြို့တောင်ဘက်က  ဝေါလေလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးကို  လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ထိုးဖောက်ဖို့ ကြိုးစား နေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။

ဒါ့ကြောင့်  စစ်ရှောင်ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းနဲ့ ဒရုန်းဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာ ထိုင်းနယ်စပ် သောင်းရင်း မြစ်ကမ်းအနီးကို ထပ်မံပြောင်းရွှေ့နေရပါတယ်။

လက်ရှိမှာ စစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီး လေးကေ့ကော်မြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလောတပို့ စစ်ရှောင်စခန်းမှာ လေးကေ့ကော်အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ပြည်သူ ၃၀၀၀ ကျော် လာရောက်ခိုလှုံနေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013