DVB Logo
Home
မြန်မာသတင်း
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ တပ်ရင်းမှူးအပါအဝင် ၁၉ ဦး သေဆုံး
DVB
·
January 4, 2022
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ တပ်ရင်းမှူးအပါအဝင် ၁၉ ဦး သေဆုံး
Donate to DVB

နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာအခြေစိုက် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ က တပ်ရင်းမှူးအပါအဝင် တပ်သား ၁၉ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေက ကယားပြည်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတာလို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။

ခလရ ၁ တပ်အတွင်းက အမည်မဖော်လိုတဲ့ တပ်အရာရှိတဦးက “ဒီသတင်းကို အထက် ကအပြင်ကို မပေါက်ဖို့တော့မှာထားတယ်။ ဒါပေမဲ့လည်း ပြည်သူ သိသင့်တယ်ထင်လို့ ပြောပါမယ်။ နောက်ပြဿနာ နောက်မှရှင်းမယ်။ ၃၀ ရက်နေ့က ၁၀ ယောက်ကျတယ်ဆိုပြီး သတင်းဝင်လာတယ်။ ၃၁ ရက်နေ့မှာတော့ တပ်ရင်းမှူး ကျော်ဇေယျ အပါအဝင် ၉ ယောက် ထပ်ကျတယ်လို့ ၁ ရက်နေ့မနက်မှာ ထပ်ပြီးစာဝင်လာတာကို ဖုံးထားပြီး တပ်မိသားစုတွေကို ၁ ရက်နေ့ ညနေမှပြောတာ။ အားလုံး ၁၉ ယောက်ပေါ့။ ဆေးမှူးက မသေဘူး။ ခြေထောက်တွေ ဖြတ်ရမယ် သိရတယ်” လို့ အတည်ပြုပြောပါတယ်။

နှစ်ရက်ဆက်တိုက် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်ရင်းမှူးအပါအဝင် တပ်သား ၁၉ ဦး သေဆုံးတယ်ဆိုတာကို တပ်မကနေ တပ်ရင်းကို အကြောင်းကြားခဲ့ပေမယ့် အဆိုပါသတင်းကို ဖုံးကွယ်ချင်တာကြောင့် တပ်ရင်းရုံးကနေ တပ်မိသားစုတွေကို ချက်ချင်းအကြောင်းမကြားခဲ့တာလို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။

တပ်မိသားစုဝင်တဦးက “ပထမနေ့က ကျတဲ့ ၁၀ ယောက်စာရင်းကို မိသားစုဝင်တွေကို တန်းမပြောဘူး။ ဖုံးထားတယ်။ နောက်နေ့ တပ်ရင်းမှူးကျတယ်ဆိုမှ မပြောမဖြစ်တော့လို့ ၁ ရက်နေ့ညနေမှ ပြောတာ။ တတပ်လုံးဝမ်းနည်းရတာပေါ့။ လိုင်းခန်းထဲက ထွက်ပေးရပြီး ဘဝပျက်မယ့် မိသားစုတွေလည်း အများကြီးပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခလရ ၁ တပ်ထဲမှာ နောက်ချန်ရဲဘော်အင်အား မရှိသလောက် နည်းပါးနေတဲ့အတွက် တပ်လုံခြုံရေးစောင့်ဖို့ စစ်မှုထမ်းဟောင်းတွေကို  နေ့တွက်ခပေးပြီး ပြန်လည်ခေါ်ယူထားရတယ်လို့ သိရပါတယ်။

မျက်မြင်ဒေသခံတဦးက “စစ်မှုထမ်းဟောင်းတွေကို ဂိတ်စောင့်ပြန်ခေါ်ထားတယ်။ အိုမင်းကုန်းကွ အကျိုးအပြတ်တွေပေါ့။ တနေ့ကို ဂိတ်စောင့်ခ ၈၀၀၀၊ ၁၀၀၀၀ ရတယ်ပြောတာပဲ။ စစ်တပ်က လုံးပါးပါးနေပါပြီ” လို့ ပြောပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၅၂ သင်တန်းဆင်းပြီး တပ်မ ၆၆ လက်အောက်ခံ၊ ခလရ ၈၀ တပ်ရင်းက ဗိုလ်ကြီး အောင်မျိုးထက်ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013