DVB Logo
Home
မြန်မာသတင်း
ဖရူဆို အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှု ICC တရားရုံးသို့ တင်ပြသွားမည်
DVB
·
January 4, 2022
ဖရူဆို အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှု ICC တရားရုံးသို့ တင်ပြသွားမည်
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ လူတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား အများအပြား ရရှိထားသလို နိုင်ငံတကာရာဇဝတ်မှုတရားရုံး  ICC ကို တင်ပြသွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။  

ဖရူဆိုမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့  စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ KSCC လက်အောက်ခံ ကရင်နီပြည်နယ်ရဲဌာန၊ အလောင်းတွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ဆရာဝန်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေနဲ့ နစ်နာသူတွေရဲ့ မိသားစုဝင်တွေက  ဇန်နဝါရီ ၃ ရက်ညပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တွေ့ရှိချက်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ 

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ သက်သေအထောက်အထား အများအပြား ရရှိထားသလို အမှန်တရားပေါ်ပေါက်ရေးအတွက် အဲဒီသက်သေတွေနဲ့အတူ ICC ကို တင်ပြသွားမှာဖြစ်ပြီး၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM)ကိုလည်း အချက်လက်တွေ ပေးပို့သွားမယ်လို့ NUGအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

ဖရူဆိုမြို့နယ် အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ၊ မိုဆိုကျေးရွာအနီးမှာရှိတဲ့ ရွာချင်းဆက်လမ်းပေါ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့မှုဖြစ်စဉ်မှာ သေဆုံးခဲ့သူ ၃၉ ဦးလောက်ထိရှိနိုင်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေ့မှာ အဲဒီလမ်းကို အသုံးပြုသွားလာပြီး ပျောက်ဆုံးနေကြောင်း အကြောင်းကြားလာတဲ့ လူစာရင်းကတော့ ၄၂ ဦးအထိ ရှိနေတယ်လို့ ကရင်နီပြည်နယ် ရဲဌာန ပြောရေးဆိုခွင့်ရှိသူ  ဦးဘိုဘိုက ပြောပါတယ်။

မီးလောင်ကျွမ်းသွားတဲ့ ရုပ်အလောင်းတွေထဲမှာ စစ်ဆေးနိုင်ခဲ့တဲ့ ရုပ်အလောင်းစုစုပေါင်းကတော့ ၃၁ ဦးရှိပြီး အဲဒီထဲမှာ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၅ ဦးပါဝင်တယ်လို့ ရင်ခွဲစစ်ဆေးခဲ့တဲ့ CDM ဆရာဝန်က အတည်ပြုပါတယ်။

အဲဒီထဲမှာမှ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်ပြီး အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အမျိုးသားနှစ်ဦးလည်း  ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013