DVB Logo
Home
မြန်မာသတင်း
ထိုင်းအနောက်ပိုင်းတွင် တရားမဝင်မြန်မာ ၄၂ ဦး ဖမ်းဆီးခံရ
DVB
·
January 3, 2022
ထိုင်းအနောက်ပိုင်းတွင် တရားမဝင်မြန်မာ ၄၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ ဇန်နဝါရီ ၂ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းတပ်မတော်ပြန်ကြားရေးသတင်း Army PR Center  က ထုတ်ပြန်ထားပါတယ်။ 

နယ်ခြားစောင့်တပ်၊ နယ်မြေခံရဲနဲ့ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေဟာ အဲဒီနေ့မနက် ၅ နာရီခွဲက ပရကျူတ်ခီရီခန်မြို့နယ်ထဲမှာ စောင့်ကြပ်စစ်ဆေးစဉ် ဘော်နောက်အုပ်စု ဆောင်ဖိနောင့် ကျေးရွာကားလမ်းအပိုင်းမှာ တရားမဝင်အလုပ်သမားတွေ တင်လာတဲ့ ကား ၂ စီး နဲ့ လမ်းပြ ၂ ဦး တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကား ၂ စီးပေါ်မှာ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၈ ဦးအပါအဝင် တရားမဝင်မြန်မာလုပ်သား ၄၂ ဦး ပါဝင်ပြီး ထားဝယ်၊ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်မြို့တွေကနေ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ စမွတ်ပရကန်၊ ဆုဖန်းပူရီ ၊ ချွန်းပူရီ၊ ရာ့ချ်ပူရီတွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ စီပေးပြီးဝင်လာခဲ့တာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူမှ သူတို့ကို ကိုယ်ပူချိန်တိုင်း၊ ကိုဗစ်-၁၉ စစ်ဆေးပြီး လဝကဥပဒေနဲ့ ဆက်လက် အရေးယူသွားမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်၊ အသက်အိုးအိမ်လုံခြုံမှုမရှိ၊ စီးပွားရေးကျပ်တည်းတာတွေကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုဝင်လာသူတွေ နေ့စဉ်လိုရှိနေကာ ပြီးခဲ့တဲ့ရက်ပိုင်း  ဒီဇင်ဘာ ၃၀ နဲ့ ၃၁  ရက်မှာ  ပရကျူတ်ခီရီခန်၊ ကန်ကျနပူရီ၊ တာ့ခ် ၊ ချင်းမိုင်နဲ့ မယ်ဆိုင်စတဲ့ နယ်စပ်ဘက်ကနေ တရားမဝင် ဝင်ရောက်သူစုစုပေါင်း ၃၁၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ကိုးကား-Army PR Center 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013