DVB Logo
Home
မြန်မာသတင်း
Wave Money ရှယ်ယာတဝက်ကျော်ကို တယ်လီနောက ရိုးမကုမ္ပဏီထံရောင်းမည်
DVB
·
January 3, 2022
Wave Money ရှယ်ယာတဝက်ကျော်ကို တယ်လီနောက ရိုးမကုမ္ပဏီထံရောင်းမည်
Donate to DVB

နော်ဝေဆက်သွယ်ရေးအော်ပရေတာ တယ်လီနောဟာ မြန်မာ့အကြီးဆုံးမိုဘိုင်းငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Wave Money မှာ သူ့ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို သူ့ရဲ့ မိတ်ဖက်ဖြစ်တဲ့ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings ကုမ္ပဏီ လုပ်ငန်းစုကို ရောင်းချဖို့ သဘောတူညီခဲ့ကြောင်း Nikkei အေးရှားသတင်းမှာ ဖော်ပြပါတယ်။

Wave Money တန်ဖိုးမှာ ကျပ် ၁၀၄ သန်းဖြစ်ပြီး အစုရှယ်ယာရောင်းချရငွေသားမှာ ကျပ် ၅၃ သန်းဖြစ်ကြောင်းနဲ့ လာမယ့်ရက်တွေမှာ ရောင်းချတဲ့ကိစ္စအပြီးသတ်ဖို့ စီစဉ်ထားတယ်လို့ နီးစပ်သူတွေဆီကသိရကြောင်း ဂျပန် သတင်းမှာရေးပါတယ်။

အခုရောင်းချမှုပြီးရင်တော့  Wave Money ရဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းအထိ မြန်မာစီးပွားရေးလုပ်ငန်းရှင်   ဦးသိမ်းဝေ(ခ) ဆာ့ချ်ပန်း ဦးဆောင်တဲ့ ရိုးမကုမ္ပဏီအုပ်စုက ပိုင်ဆိုင်လာမှာ  ဖြစ်ပါတယ်။ 

လက်ရှိမှာ ရိုးမအုပ်စုဟာ Wave Money အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး YSH မှ ၄၄ ရာခိုင်နှုန်းနဲ့ အဲဒီအုပ်စုရဲ စီးပွားရေးလုပ်ငန်းခွဲ ရိုးမဘဏ်က ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

ကျန်အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရိုးမဦးဆောင်တဲ့ လုပ်ငန်းစုမှာ ထိုင်ဝမ်ငွေကြေးအဖွဲ့နဲ့ လွတ်လပ်တဲ့မြန်မာအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတို့ ပါဝင်ကြတဲ့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူတွေက ချုပ်ကိုင်ထားမှာ ဖြစ်ပါတယ်။

Yoma Strategic ကုမ္ပဏီဟာ တယ်လီနောရဲ့ ရှယ်ယာတွေကို လွှဲပြောင်းရယူဖို့ ၂၀၂၀ နှစ်လယ်မှာ ပထမဆုံး သဘောတူညီခဲ့ပါတယ်။

တယ်လီနောအုပ်စုကတော့ ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး သောကြာနေ့က ဆက်သွယ်မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး ဈေးကွက်ပေါက်ကြားမှု သို့မဟုတ် ကောလာဟလတွေကို ဆွေးနွေးမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Wave Money ဟာ ဘေလ်ပေးချေမှုတွေ၊ ပြည်တွင်းငွေလွှဲမှုတွေနဲ့ Wave Pay မှတဆင့် ကောင်တာမှ ငွေလွှဲခြင်းဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စေပြီး တစ်လကို ငွေပေးငွေယူ  ၁ သန်းကနေ ၁ ဒသမ ၂ သန်းအထိ ဆောင်ရွက်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူပြီးနောက် မေလ ၃၁ ရက်အထိ ခန့်မှန်းခြေအားဖြင့် လူ ၂ သန်းကျော်လောက်  Wave Money App ကို အသုံးပြုသူတွေရဲ့ထက်ဝက်လောက် ကျဆင်းသွားပြီး ကုမ္ပဏီ ထိခိုက်သွားခဲ့ရပါတယ်။

ဒါပေမဲ့ အင်တာနက် ကန့်သတ်ချက်တချို့ ဖြေလျှော့လိုက်တာနဲ့ ဘဏ်လုပ်ငန်းစနစ် တစိတ်တပိုင်း ပြိုလဲတာတွေကြောင့် လုပ်ငန်းပြန်လည်အသက်ဝင်လာခဲ့ပြီး နိုဝင်ဘာလမှာ Wave အသုံးပြုသူ ၂ သန်းနီးပါးရှိခဲ့ကြောင်း Wave တာဝန်ရှိသူတွေ ပြောကြားချက်အရ သိရပါတယ်။

Photo Credit - Wave Money

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013